💫 Unicode version 💫
" ငရှင်းရေ.... ငရှင်း မထသေးဘူးလား "
ကြားရပြီ အာပြဲကြီးနဲ့ အော်နေတဲ့ ခွန်းအသံ.....
" တိုးတိုးအော်စမ်းပါ နားငြီးလွန်းလို့ပါ "
အာကာမှပြောတယ်ဆို
" ဘာဖြစ်လဲ ငါ့ပါးစပ်နဲ့ငါအော်တာ "
" မင်းပါးစပ်နဲ့အော်လို့ပေါ့ကွာ ငါ့ပါးစပ်သာငှားအော်ရင် ပိတ်ထားပြီ "
" ထွီ....ရွံတာ မင်းပါးစပ်တော့ ငါမငှားပါဘူး ပုံမှန်သွားမတိုက်တဲ့ကောင်ကြီး ရွံထှာ "
" အောင်မလေး မင်းလိုစောက်ပျင်းကပဲ ပြောရတယ်ရှိသေးတယ် "
နှစ်ယောက်သားငြင်းကာ စကားနိုင်လုနေကြတာ ဘေးလူတွေကြားရင် ရန်ဖြစ်တယ်ထင်နေမှာအမှန်ပင်...
ရှင်းသန့်လဲ ဇေယျာလာခေါ်တာနဲ့ အပေါ်ထပ်ကနေဆင်းလာပြီး ထမင်းစားခန်းထဲဝင်ခဲ့လိုက်သည်။
ဟိုနှစ်ကောင်ကတော့ ဝယ်လာတဲ့ မနက်စာတွေစားရင်းငြင်းခုံနေကြတုန်းပင်...
နောက်ဆုံး ရှင်းသန့်မှ ရေခွက်ဆွဲကာ ပက်လိုက်ခါမှ နှစ်ယောက်သား..
" ဟာ...ဘာလုပ်တာလဲ ခွေးသတောင်းစားရဲ့ "
ပြိုင်တူဆဲလေတော့သည်။ အဲ့နောက်တော့ လေးယောက်သား မနက်စာအတူတူစားကြလေသည်။
"နေပါအုံး မင်းတို့က ထူးထူးဆန်းဆန်း ငါ့အိမ်ကို ဘာလာလုပ်ကြတာလဲ "
" ဘာလဲ မလာရဘူးလား SကြီးSကျယ်နဲ့ "
ခွန်းမှထပြောလေသည်။
စားပြီးတော့ပြန်မယ်ထင်သော်လဲ ဒင်းတို့က game ဆော့ကာ ဆူညံနေတာနဲ့
" မင်းတို့မပြန်သေးဘူးလားကွာ "
" မပြန်ဘူး ငါတို့ ဒီနေ့ မင်းအိမ်မှာပဲနေမှာ "
" မနေနဲ့ကွာ ပြန်ကြ ငါနားအေးပါးအေးလေးနေခြင်လို့ပါ "
ဆိုကာ အပေါ်ပြန်တက်ရန်ပြင်နေတုန်း... ခွန်းမှ
" ငရှင်း.. ငါတို့ မင်းကိုပြောစရာရှိလို့ ကိုခန့်ကိစ္စ "
ကိုကို ကိစ္စဆိုလို့ လှမ်းနေတဲ့ ခြေလှမ်းတွေရပ်တန့်သွားလေသည်။ ကိုကို ကိစ္စတဲ့လား ရှင့်သန့်လဲတစ်ချက်ပြုံးကာ လှည့်လိုက်ပြီး