ကူးပြောင်းခြင်းမိတ်ဆက်

1.8K 147 18
                                    

Unicode

ပူပြင်းလှတဲ့မတ်လရဲ့ နေ့တနေ့မှာ အခန်းကျယ်ကြီးတခုထဲက အိပ်ရာပေါ်မှာ အိပ်နေတဲ့ကောင်မလေးတယောက် လန့်နိုးလာခဲ့တယ်။ လခွမ်းပဲ နာလိုက်တာ ငုံးမ ဖြူလုံး သက်သက်သာသာလုပ်ပါဆို ချီးလိုပဲ bad reviewတွေ အခုတရာလောက်ပေးပစ်မယ် ဘာမှတ်တုန်းး။
ပို်င်ဝေ့ရှင်း နာကျင်နေသောခေါင်းအား အသာအယာနှိပ့်ကာ အခန်းထဲသို့ တချက်ကြည့်လိုက်သည်။ ပန်းနုရောင်များနှင့်ပြည့်နှက်နေသောအခန်းအပြင်အဆင်ကြောင့် ကိုက်နေသောခေါင်းမှာ ပိုကိုက်သွားရသည်။ ငါလေး ပန်းရောင်ကိုမုန်းတယ်လေ ။ မဖြစ်ဘူး ငါ ဒီအခန်းကို အရင်ဆုံးရှင်းပစ်မရမယ် ။ missionထဲမှာ ပါပါ မပါပါ ဒါ ငါရဲ့အကြီးမားဆုံးmissionပဲ ။

ပိုင်ဝေ့ရှင်းတယောက် အခန်းအား ကြည့်ကာ စိတ်ကူးယဥ်နေစဥ် အခန်းတံခါးသို့ ခေါက်သံကြားလိုက်ရတယ်။

"ဒေါက်..... ဒေါက် မမလေး ...မမလေး နိုးပြီးလားရှင့်.. မမလေး...."

" ဟေ... အေး အေး ငါနိုးပြီ ဆင်းလာခဲ့မယ် သွားနှင့်လိုက် "

"ဟုတ်ကဲ့ မမလေး "

ပိုင်ဝေ့ရှင်း အောက်သို့ဆင်းရန်ပြင်ဆင်ကာ ရေချိုးခန်းထဲသို့ မျက်နှာသစ်ရန်ရေကိုဖွင့်ချလိုက်တယ်။

"hostရေ.. ခေါင်းအရမ်းကိုက်နေလား"

"အော် နင်ပေါ်လာသေးတယ်နော်.. မနာပါစေနဲ့ဆို ငါ့ကို နာအောင်လုပ်သွားလိုက်သေးတယ်...နင့်ကို bad reviewပေးပစ်မယ်"

"hostကလဲ အာ့လို မလုပ်ရဘူးလေ.. ကဲ ဒီကမ္ဘာရဲ့ဇာတ်ကြောင်းတွေပေးမယ်နော် နည်းနည်းနာမယ်"

" အေး နည်းနည်းပဲနော်.."

စူးခနဲ နာကျင်မှုနှင့်အတူ မှတ်ဉာဏ်အချို့ဝင်ရောက်လာသည်။ ဒီကမ္ဘာက မဆိုးဘူးပြောရမယ် ငယ်ငယ်ကစိတ်ကူးယဥ်ခဲ့သော စွမ်းအားတွေနဲ့ပါဝါရိန်းဂျားတွေနဲ့ပက်သက်တဲ့ကမ္ဘာ ။ အယ်လဲ့ မဆိုးဘူး star 3ခုပေးမယ် ။
ဒီကမ္ဘာရဲ့ဇာတ်လိုက်က ကာတာရှီ ၊ ဂျပန်နိုင်ငံတွင် အချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့တဦးတည်းသောသား ။ ပြီးတော့ နိုင်ငံတကာ ကာကွယ်စောင့်ရှောက်​ေရးအဖွဲ့ရဲ့ခေါင်းဆောင် အနီရောင် ပါဝါရိန်းဂျားတယောက် ။
ဇာတ်လိုက်မက မီရာလို့ခေါ်တဲ့ ကွန်ပြုတာထိန်းချုပ်သူတယောက် ၊ သူမက စစ်ဘက်ဆိုင်ရာဝန်ကြီးတဦး၏မွေးစားသမီးတယောက် ၊ ရိန်းဂျားများ၏လိုအပ်ချက်များအား စီစဥ်ဆောင်ရွက်ပေးရသူတဦးဖြစ်တယ်။
ရုံးချုပ်အား ဂြိုလ်သားများ၏တိုက်ခိုက်မှုကြောင့် ပြိုပျက်စီးနေသောအဆောက်အဦးထဲမှ ထိခိုက်ဒဏ်ရာရသူများကို
မိမိ့အသက်အားမငဲ့ပဲ ကူညီပေးနေတဲ့ ဇာတ်လိုက်မရဲ့ပုံစံကို မြင်ပြီး ဇာတ်လိုက်ကောင်က ကြိုက်သွားတယ်။ နောက်ပိုင်း တယောက်နဲ့တယောက် အပြန်အလှန် အကူအညီပေးရင် ချစ်ကြိုက်သွားတယ်။ တိုက်ပွဲပြင်းထန်မှုကြောင့် ပါဝါရိန်းဂျားအဖွဲ့မှ ပန်းရောင်ပါဝါရိန်းဂျားတယောက် အသက်ဆုံးရှုံးသွားတယ်။ သူမက. အနီရောင်ပါဝါရိန်းဂျားကို ကြိတ်ပြီး ချစ်နေတာလေ။ ဒါကို ဇာတ်လိုက်မက သိတော့ အကြံအဖန်လုပ်လို့ မတရားသေသွားရတယ်။ ဇာတ်လိုက်မရဲ့မကောင်းမှုတွေကိုသိပေမဲ့ ဘယ်သူ့ကိုမှမပြောခဲ့ဘူး။
သူမသေတာကို ဇာတ်လိုက်က ဘာမှ မခံစားခဲ့ဘူး။ အဲ့ဒါအပြင် ဇာတ်လိုက်မကိုပါ ပန်းရောင်ရိန်းဂျားဖြစ်အောင် ကူညီပေးခဲ့တယ်။ သူတို့အတွက်ကတော့ Happy endingပေါ့ကွယ်။ ဇာတ်ကြောင်းအား ဖတ်ကာ ပိုင်ဝေ့ရှင်းတယောက် အကြီးအကျယ် မိုးမွှန်အောင် ဆဲပါတော့တယ် ။ ဟုတ်တယ်လေ အဲ့ဒီ ဘာမှမသိပဲ သေသွားတဲ့ပန်းရောင်မက သူလေ သူမှ သူအစစ်။

ချစ်သောဗီလိန်လေး 2  (Ongoing)Where stories live. Discover now