[Arc 1 END] Chapter 15

5.2K 1.2K 43
                                    


Chapter 15: ဇာတ်သိမ်း

စုမင် သရဲတို့ရဲ့လှုပ်ရှားမှုများနှင့် လွမ်းမိုးခြင်း ခံလိုက်ရကာ သူတို့မတ်တပ်ပြန်ရပ်သည့်အချိန် ဆရာချန်တစ်ဦးတည်းသာ ရုံးခန်းထဲကျန်ခဲ့တယ်။ သူက ဘေးပတ်ပတ်လည်မှာ ရှိတဲ့အရာအားလုံးနှင့်အသုံးပြုပြီး မီးကိုငြိမ်းရန်ကြိုးစားသော်လည်း မအောင်မြင်ပေ။

နောက်ပိတ်ဆုံး သူလည်းအပြင်ထွက်ပြေးသွားတယ်။

ပြတင်းပေါက်လိုက်ကာများနှင့် ဆုတံဆိပ်များကို ဟုန်းဟုန်းတောက်လောင်နေသောမီးလျှံများက ဝါးမြိုသွားခဲ့တယ်။ သိပ်မကြာ ရုံးခန်းတစ်ခုလုံးကို လောင်မြိုက်သွားသည်။

ထိုနှစ်က ခုနှစ်ထပ်လည်းဒီလိုမီးလောင်ခဲ့တာလား?
ဤမြင်ကွင်းက အစစ်လား ထင်ယောင်ထင်မှားလား စုမင်မသိဘူး ... သူ့ဘေးပတ်ဝန်းကျင်ရှိ မီးခိုငွေ့တို့ကိုရှူသွင်းမိတော့ လက်လွတ်စပယ်မလုပ်ရဲပေ။

သူ လင်းယိကျီကိုပုတ်ပြီး .."လင်းရှောင်ယန်ကိုသယ်ပြီး အမြန်ဒီကထွက်ကြစို့"

လင်းယိကျီက သူ့ထက်ပိုသန်မာတယ် ... သူ့နောက်ကျောထံ လင်းရှောင်ယန်ကို တိုက်ရိုက်ကျောပိုးပြီး လွယ်လွယ်မတ်တပ်ရပ်လိုက်တယ်။ သူမက အလွန်ပေါ့သဖြင့် သူသိပ်အားမသုံးရပေ။

"အရင်သွား" စုမင်ပြောတယ်။

လင်းယိကျီနောက်လိုက်စဉ် သူ့ထံမီးစလာဟပ်ပြီး မီးပွားလေးကျန်ခဲ့သည်။

စုမင်ချက်ချင်းခါချလိုက်၏။

သူတို့ရုံးခန်းထဲမှ ထွက်လာချိန် တစ်ချက်ပြန်ကြည့်လိုက်တဲ့အခါ အတွင်းရှိ အီလက်ထရွန်းနစ်ပစ္စည်းအားလုံးပေါက်ကွဲပြီး မီးကိုပြင်းထန်စေပြီး ပိုမိုမြန်ဆန်စေနိုင်သည်။

ရုံးခန်း၏ပွင့်လင်းသောတံခါးမှ ထွက်လာသောမီးသည် မီးလောင်လွယ်သောပစ္စည်းများပါဝင်များရှိသည့် ကော်ရစ်ဒါကိုလွှမ်းမိုးလာသည်။

ခုနှစ်လွှာတွင် မော်ကွန်းအခန်းအသစ်ရှိပုံရတယ် ... စာရွတ်စာတမ်းမြောက်မြားစွာနှင့် သစ်သားများရှိပြီး မီးကြောင့်တစ်ထပ်လုံးကိုပျက်စီးစေသည်။
ဓာတ်လှေကားပတ်ဝန်းကျင်အနားတစ်ဝိုက်သာ နေရာကွက်လပ်ဖြစ်သည်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now