Chapter - 24

7.4K 1.6K 70
                                    

သူတို့စာရိတ္တနဲ့ စည်းကမ်းရေးရာဌာနကိုရောက်ချိန်မှာ တံခါးကပွင့်လာတာကြောင့် ရှေ့ဆုံးကဦးဆောင်သွားတဲ့ ဝူကောကျုံမှာ အတွင်းကထွက်လာတဲ့ ကျန်းကျောင့်ကျူးနဲ့တောင် ဝင်တိုက်တော့မလို ဖြစ်သွားလေသည်။

''အိုက်ယိုး ! ကျနော့်ကိုထခုန်မိမတတ်ပဲဗျာ၊ လောင်ဝူရယ် ဘာဖြစ်လို့လဲ?"

ဝူကောကျုံမှာ အနည်းငယ်ရှင်းပြရခက်နေသည်ကြောင့် ချန်းရှုမေကပဲ ၀င်ဖြေပေးလိုက်သည်။
''လောင်ကျန်းရယ် ကျောင်းသားနှစ်ယောက် စာခိုးချနေတာကို ကျမဖမ်းမိခဲ့တယ်လေ၊ ဒါကို သူတို့ကငြင်းချင်နေကြတာ"

ကျန်းကျောင့်ကျူးမှာ ကျောင်းသားခေါင်းဆောင်တွေနှင့်ပက်သက်သည့်ပြဿနာတွေကိုခုလေးတင်ဖြေရှင်းပြီးသည်ဖြစ်ရာ အရင်ကတော့ အားကိုးရသည့်သူ့ရဲ့လက်ထောက်တွေနှင့်ပြည့်နေသည့်သုံးနေရာမှာ ယခုတော့ လစ်လပ်နေပြီ။ လောလောဆယ်တော့ ထိုနေရာကို မည်သူအစားထိုးမလဲဆိုသည့်ကိစ္စအား သူအရမ်းဦးနှောက်ခြောက်နေရသည်။ ယခုလည်း ပြဿနာကြီးက ပေါ်လာပြန်တာကြောင့် ခေါင်းကိုက်ရချေပြီ။
''စာခိုးချတယ်? ဘယ်သူကများလုပ်ရဲတာလဲ?"
ဝူကောကျုံနောက်က လူနှစ်ယောက်ကို အသေချာကြည့်ပြီးချိန်မှ သူ‌အံ့သြသွားရသည်။
''ဘာလို့ မင်းတို့နှစ်ယောက်လဲ?"

အရင်တစ်ခေါက် ဟိုဘက်ကျောင်းက လူဆိုးကောင်ကိစ္စကို ကျန့်ယောင်နဲ့ရင်းချဲယ် ကူညီဖြေရှင်းပေးကတည်းက ထိုကျောင်းသားနှစ်ယောက်အပေါ် သူ့ရဲ့အမြင်မှာအတော်လေးပြောင်းလဲသွားခဲ့သည်။ ဖြောင့်မတ်မှန်ကန်တဲ့ ကျောင်းသားတွေလို့ သူခုလေးတင်တွေးထားသည်ကို မျက်စိတစ်မှိတ်အတွင်း ဘယ့်နှယ်ကြောင့် စာခိုးချသူတွေဖြစ်သွားရတာတုန်း?

''ကျနော်တို့နှစ်ယောက် ဘာကိစ္စဒီကိုရောက်နေမှန်း ကျနော်ကိုယ်တိုင်လည်း မသိတော့ပါဘူးဗျာ"
ကျန့်ယောင်က ပြောသည်။
''ကျနော်ပြောတဲ့ တစ်ယောက်ကရော ဘာလို့ဒီမှာရှိမနေတာလဲ?"

ချန်းရှုမေ : ''ကျောင်းသားတစ်ယောက်ကို သွားခေါ်ခိုင်းထားတယ်၊ မကြာခင်ရောက်လာလိမ့်မယ်၊ မင်းတို့နှစ်ယောက်ပဲ သေသေချာချာအရင်စဥ်းစားကြ၊ ခေါင်းမာမနေပဲ အမှားကို၀န်မခံချင်လုပ်မနေကြနဲ့''

Pay Attention To Me [Myanmar Translation]Where stories live. Discover now