Ep-29

567 24 0
                                    


HSE Shopping Mall 🛒🛍️

ဒီနေ့က​ သုတမွေးနေ့....

HSE​ မှာ​ မွေးနေ့လက်ဆောင်လာရွေးခြင်းပင်...။

လက်ဆောင်ရွေးနေတုန်း လူကြားထဲ အဝါရောင်ထင်းထင်းလေးဝတ်ပြီး နှစ်လိုဖွယ်မျက်နှာလေးပိုင်ဆိုင်ထားတဲ့ကောင်လေးကို သတိမထားမိပဲမနေနိုင်။ ထိုကောင်လေးတွဲထားတဲ့လက်ပိုင်ရှင်ကို ပိုလို့ပင်သတိထားမိသေး။

"ဝေယံမောက်"​ နှိုင်းနဲ့ရှော့ခ်ဖြစ်တဲ့တစ်ယောက်။ သူကဘယ်လို သတိုးဘေးရောက်သွားတာလဲ...။ အရင်ကဆို နှိုင်းမှနှိုင်းဖြစ်ခဲ့တဲ့သူ။ သူအစွဲလန်းကြီးတာကမှ တကယ်လွန်တာ... ။ လက်ဆောင်ပစ္စည်းတွေတစ်ခုပြီးတစ်ခုပေး...။ ပြီးရင်​ အ့လက်ဆောင်တွေထဲ အသံဖမ်းစက်တို့ camera အသေးစားပုံစံမျိုးတွေထည့်ထားလို့ ပြဿနာတက်ရပေါင်းလဲများ... ။ နှိုင်းရိုက်လိုက်လို့ မိန်းမတွေစိတ်ကုန်သွားပြီထင်...။ ဒါပေမယ့်​ သတိုးနဲ့ကတော့မဟုတ်သေးဘူး...။ နှိုင်းကိုအသိပေးမှ...။

အိတ်ကပ်ထဲကဖုန်းလေးထုတ်ပြီး မသိမသာဓာတ်ပုံလေးငါးပုံလောက်ရိုက်...။ ဖုန်းလေးအိတ်ကပ်ထဲပြန်ထည့်ပြီး...

"ကို... ရွေးလို့ပြီးပြီလား ပြန်ချင်ပြီ"

"အင်းပါ​ကွာ... ကိုကဗိုက်ဆာနေပြီ တစ်ခုခုတော့ဝင်စားရအောင်နော်..."

"အိုခေလေ..."

ပုခုံးပေါ်မေးထောက်ပြီးပြောနေတဲ့ငပျင်းလေး။ လမ်းလျှောက်ရမှာပျင်းလို့ လူကိုမှီပြီးလိုက်သတဲ့...။

************************************

အထုပ်လေးချပြီး နားမယ်ပြင်ရုံရှိသေး ဖုန်းထဲဝင်လာတဲ့ message ကိုကြည့်ပြီး ဒေါသကထောင်းခနဲ.... ။ ချက်ချင်းဖုန်းကောက်ဆက်ရပြန်သည်။

"ဟဲ့... ဘယ်လိုဖြစ်တာလဲ"

"ငါမေးချင်တာလဲ အဲ့တာ"

"နွားကသူ့နေရာသူမနေဘူး ငါတားမှဖြစ်မယ်"

"နင်သိအောင်ပဲပြတာ အရမ်းကြီးလဲဝင်မပါနဲ့ ဟိုကောင်လဲအရင်လိုဟုတ်ချင်မှဟုတ်တော့မှာပါ"

"ဗီဇကလွယ်လွယ်နဲ့ပျောက်ရိုးထုံးစံရှိလို့လားဟဲ့ ဝင်မပါလို့မဖြစ်ဘူး"

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now