အပိုင်း(၆၅) U/Z

4.4K 515 18
                                    

Unicode

စောယွန်းဆူ သူမရဲ့ ဘေးတွင် သွေးအန်မတတ် ဒေါသထွက်နေပြီး
မျက်နှာအရောင် အမျိုးမျိုး ပြောင်းလဲနေတဲ့ ဂင်ဟွာအီကို ကြည့်လိုက်ပြီး
သူမစဉ်းစားမိတယ်။

"ဟွာအီ ငါ သခင်မလေးဆိုးကို မသင်္ကာဖြစ်မိတယ်"
စောယွန်းဆူ ဂင်ဟွာအီ မျက်နှာ အနေအထားကို ကြည့်ရင်း စဉ်းလဲသည့်
မျက်ဝန်းတို့ဖြင့် ဟန်ဆောင်ကာ မဝံ့မရဲ ပုံစံဖြင့် ဆိုလိုက်တယ်။

"ဘာကိုလဲ သေချာပြောပါ ဘာကို ကြောက်နေတာလဲ"
သူမ တကယ် စိတ်မရှည်ပါ။ သူမရဲ့ ဒေါသအ အကန့်အသတ်ရောက်ရှိနေပြီ။

"ဒီလိုလေ သူမက အချိန်တိုလေးအတွင်းမှာ ဒီလိုချည်္ထိုးနိုင်တာ
ကြိုတင် လေ့ကျင့်ထားတဲ့ပုံစံပဲ သူမက ခေါင်းစဉ်ကို ကြိုသိနေတာများလား"မဝံမရဲ ပုံစံက သူမရဲ့ စတိုင်မဟုတ်။

သူမက ဘာလို့များ မဝံမရဲ ပုံစံ ဟန်ဆောင်နေရတာလဲ?

စောယွန်းဆူရဲ့ အမူအယာကို ဖြတ်ခနဲ မြင်လိုက်တဲ့ ဆာယောင်းက
သံသယဖြစ်မိတယ်။ ပုံမှန်စောယွန်းဆူက တည်ငြိမ်နေပြီး ထက်မြတ်တဲ့
ပုံစံပင်။ ယခုလို မဝံ့မရဲပုံစံက သူမရဲ့ပုံစံမဟုတ်။

ဘယ်သူ့ရှေ့မို့လို့ အဲ့လောက်တောင် ဟန်ဆောင်ကောင်းနေရတာလဲ?

ဆာယောင်းတကယ် အချဉ်ဖောက်မိတယ်~

သူမရဲ့ ပုံစံကို မဝံ့မရဲနှင့် ဘာကြောင့် ဟန်ဆောင်ရသလဲ ?
သေချာတာကတော့ ဂင်ဟွာအီကို စိတ်ပျော့အောင် လုပ်ခြင်းပင်။
သူမက ဂင်ဟွာအီကို လက်နက်အဖြစ် အသုံးချမည်ပင်။ လူတစ်ယောက်ကို အသုံးချမယ်ဆိုရင် ထိုအသုံးချခံရဲ့ ယုံကြည်မှုကို အပြည့်အဝ ရဖို့လိုအပ်တယ်။ ယုံကြည်မှုအပြည့်အဝရမှ သူမကြိုးဆွဲရာအတိုင်း လိုက်ကနေမှာပင်။

ယခုလို မဝံ့မရဲလုပ်ချင်းက ထိုပြဿနာကြီးမားလာပါက သူ့မဘက်သို့
မြှားဉီးမလှည့်နိုင်ရန် ကြိုတင်ကာကွယ်ခြင်းသဘောပင်။

စောယွန်းဆူရဲ့ မီးလောင်ရာလေပင့်စကားကို စဉ်းစားချင့်ချိန်နိုင်တဲ့
ဉာဏ်မရှိတဲ့ ဂင်ဟွာအီကြားလျှင် သူမရဲ့ဒေါသနဲ့ အထင်မြင်သေးခြင်းက
အထွဋ်အထိပ်သို့ရောက်ရှိသွားပြီး.....
"နင်ပြောတာ ဖြစ်နိုင်တယ် သူမက ပြိုင်ပွဲ ခေါင်းစဉ်ကို
သိနေလို့ ဒီလိုမျိုး အမှားအယွင်းမရှိ ပြိုင်ပွဲဝင်နိုင်တာပေါ့ သူမကြိုသိလို့
လေ့ကျင့်ထားတာပဲ ဖြစ်ရမယ် အမှိုက်က အမှိုက်ပါပဲ ဘယ်လောက်ပဲ
အရည်အချင်းရှိချင်ယောင်ဆောင်ဆောင် အမှန်တရားက အချိန်တန်ပေါ်လာမှာပဲ ငါက ဒီကိစ္စကို ဒီတိုင်း ကျော်သွားမယ်ထင်နေလား"
မျက်ဝန်းတို့်က မှေးကျဉ်းသွားပြီး ကောက်ကျစ်သည့် အပြုံးကို ဆင်မြန်းထားသည်။

ငါကယုတ်မာတဲ့ဗီလိန်မိဖုရားရဲ့ကိုယ်ထဲရောက်သွားတယ် [Zawgyi &Unicode ]Where stories live. Discover now