Part(20)

17K 1.4K 60
                                    

Unicode

ထိုနေ့ကစပြီး ရိ၀မ်လောင်ရှစ်ကို ရှောင်ခဲ့သည်မှာ Finalရောက်ခါနီးသည်အထိပင် .......

လေ့ကျင့်ရေးနေ့တွေမှာ တွေ့ရင်လည်း
မေးတစ်ခွန်းဖြေတစ်ခွန်းကလွဲရင် ခပ်တန်းတန်းသာ ဆက်ဆံခဲ့သည်။

ရိ၀မ်လောင်ရှစ်ကလည်း အရင်လိုခေါ်ဆူခြင်း၊
သတိပေးခြင်းမျိုးမရှိတော့ပေ ....

နေနိုင်ရက်လွန်းတဲ့ လူကြီးကို ရှင်းစိတ်ထဲ
အမှုန့်ကြိတ်ပစ်ချင်နေသည်။

အသားယူတုန်းက သူမဟုတ်သလိုပဲ
အသစ်တွေ့လို့ ရှင်းကို ချောင်ထိုးထားတာ
နေမှာ .......

ဟွန့် .... အကျင့်မကောင်းတဲ့လူကြီး .....

" ရှင်းလေး ... ဘာတွေအလိုမကျနေတာလဲ "

" အဲ ... ဒီလိုပါပဲ "

ချောက်ချွမ်လောင်ရှစ်က တစ်ယောက်ထဲ
အတွေးများနေတဲ့ ခေါင်မိုးထပ်မှာ
တစ်ယောက်ထဲထိုင်နေသည့် ရှင်းအနား၀င်ထိုင်ကာ ပြုံးတုံ့တုံ့မေးလာသည်။

" ကိုယ့်ကို လာလိမ်နေတယ်ပေါ့ ... "

" မဟုတ်ပါဘူး မနက်ဖြန်finalအကြောင်း
စဥ်းစားမိလို့ပါ "

" ၀မ်းနည်းနေတာလား "

" ဟုတ် ... မိသားစုလိုဖြစ်နေတဲ့သူတွေဆိုတော့ မခွဲချင်ဘူးရယ် "

" အနုပညာလောကကြီးထဲမှာ ဒီလူတွေနဲ့ ခဏခဏဆုံမှာပါ ...
အခုလို အတူမနေရပေမယ့်ပေါ့ "

ခဏခဏဆုံဦးမှာဆိုတော့ ရိ၀မ်လောင်ရှစ်နဲ့လည်း ဆုံနိုင်တာပဲလေ .....

ရှင်းအနေနဲ့ ၀မ်းသာစရာပဲ ....

ဒါပေမယ့် အဲ့ဒီခဏခဏက
ဘယ်လောက်ကြာမှ ဆုံမှာလဲ ......

" လောင်ရှစ်တို့နဲ့ရော တွေ့နိုင်ဦးမှာလား "

" ကိုယ်နဲ့လား "

" ဟမ် ... ဟုတ် "

ရှင်းက ချောက်လောင်ရှစ်ထက်
ရိ၀မ်လောင်ရှစ်နဲ့ပိုဆုံချင်တာ .........

" ဆုံချင်ရင် ကိုယ်ဖန်တီးပေးမှာပေါ့ "

" ဟင် "

" အကြာကြီးဆုံချင်လား ခဏလေးလား "

" အကြာကြီး "

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now