Chapter(27 - 3) - အတူတကွခရီးသွားခြင်း

6.7K 1.2K 52
                                    

Unicode

Chapter(27 - 3) - အတူတကွခရီးသွားခြင်း

အိပ်ယာကတစ်ခုတည်းသာရှိသည်။သဘာဝကျကျပင်ရန်ကျင်းကလည်းလုမယူပဲရှန်ကျစ်ရှန်းအတွက်ချန်ပေးထား၏။သူ့ရင်ထဲမှာတော့ရှန်ကျစ်ရှန်းကဘာလို့ရုတ်တရက်ကြီးမပျော်မရွှင်ဖြစ်သွားလဲဆိုတာကိုသိချင်နေပေမယ့်လည်းမမေးလေဘူး။

သူကရှန်ကျစ်ရှန်းအတွက်တိတ်တဆိတ်ပဲဖယောင်းတိုင်မီးမှုတ်ပေးလိုက်ပြီးနူးညံ့တဲအခင်းတစ်ခုပေါ်ကိုရှောင်းချောင်ယနဲ့အတူသွား၍တရားထိုင်နေလိုက်သည်။

လရောင်ကတစ်ဝက်ပွင့်နေတဲ့ပြတင်းပေါက်ကတစ်ဆင့်တိုးဝင်လာပြီးအနည်းငယ်အေးမြတဲ့လေပြေကိုပါသယ်ဆောင်လာသည်။

အခုကအတော်လေးညနက်နေလေပြီ။ရှောင်းချောင်ယကပြတင်းပေါက်ဘောင်ပေါ်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီးလရောင်ခံနေသည်။ရှန်ကျစ်ရှန်းကအိပ်ယာပေါ်မှာဖြစ်ပြီးသူ့အသက်ရှုနှုန်းများကတည်ငြိမ်နေတာကြောင့်သူလည်းအိပ်ပျော်နေပြီဆိုတာရှင်းနေသည်။

ရန်ကျင်းရဲ့မျက်လုံးများကပွင့်လာပြီးအထဲမှကြည်လင်ရှင်းလင်းမှုကိုပြသနေသည်။သူကအိပ်ယာရှိရာဘက်သို့ခေါင်းစောင်းကြည့်လိုက်၍ထိုနေရာသို့တိတ်တဆိတ်လျှောက်သွားလိုက်၏။

ရှန်ကျစ်ရှန်းကသူ့ကို 'လူစိမ်း' တစ်ယောက်အဖြစ်သာဆက်ပြီးဟန်ဆောင်နေတာဖြစ်နိုင်သည်။ထို့ကြောင့်ဒီနေ့ည,သူအိပ်တဲ့အနေအထားပုံစံကအရမ်းကိုသင့်တင့်လျှောက်ပတ်နေသည်။သူ့အဝတ်အစားများရဲ့လိုင်းများကသပ်ရပ်ပြီးစေ့စပ်သည်။

သူကနူးညံ့တဲ့ဘရိုကိတ်အိပ်ယာခင်းပေါ်မှာလှဲနေပြီးဝမ်းဗိုက်အောက်ပိုင်းနားလောက်မှာစောင်ချုံထားကာသူ့လက်နှစ်ဖက်ကိုတော့အပေါ်မှာတင်ထားသည်။အနေအထားကအလွန်လေးနက်သည့်အသွင်အပြင်ကိုပေးစွမ်းနေ၏။

ရန်ကျင်းကသူ့ကိုအချိန်အတော်ကြာသည်အထိစိုက်ကြည့်နေသည်။

အဲ့ဒီနှစ်တွေတုန်းကသူချွင်းယွင်ဂိုဏ်းမှာရှန်ကျစ်ရှန်းရဲ့ဘေးမှာနေရတဲ့အချိန်,ကံကောင်းစွာနဲ့ရှန်ကျစ်ရှန်းရဲ့အိပ်ပျော်နေတဲ့အနေအထားကိုအကြိမ်ပေါင်းများစွာမြင်တွေ့ခဲ့ရသည်လေ။အဲ့ဒါကသူ့ဓားကွက်ပုံစံလိုပဲအထိန်းအချုပ်မရှိဘူးအကန့်အသတ်မရှိဘူး

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now