အပိုင်း (၅)

36.5K 360 20
                                    



အယွန်း messenger gp ထဲ ဝင်လိုက်တော့ ယမုံကလွဲလို့ လူစုံတက်စုံ။
"ကဲ ပြောကြပေရော့"
အယွန်း ခပ်ညစ်ညစ်လေး စပြောလိုက်တယ်။

"အယွန်း နင်နဲ့ လူမော်အောင် နဲ့က တွဲနေကြပြီလား"
မေသက်၏ အမေးကို အယွန်းက

"အဲ့လိုပြောရမယ်ထင်တယ် ငါတို့ Date ဖြစ်တယ်လေ"

"အဲ့တာဆို မင်းကောင်းခန့် ကရော"
ရွှေရည်က ပါ ဝင်မေးလာတော့သည်။

"သူနဲ့က အရင်လိုပဲလေဟာ"

"နင့်ဟာက ဘယ်လိုကြီးလဲ အယွန်းရ"
အိမ့်မှုးအသံက မာဆတ်ဆတ်ဖြစ်နေ၍ အယွန်း နည်းနည်းတော့ အောက်သက်သက် ဖြစ်သွားသည်။

"မင်းကောင်းခန့်က bf , လူမော်အောင်က ငါ့ Daddyလေ , အဲ့တာ ဘာဖြစ်လဲ"

"နင်က မလွန်ဖူးလား အဲ့တာကျတော့"
သုံးယောက်လုံးက သူ့ကို ဝိုင်းပြောနေ၍ အယွန်း စိတ်ပေါက်သွားပြီး

"လွန်တော့ဘာဖြစ်လဲ, ငါက နင်တို့ကို ထိခိုက်အောင် ဘာလုပ်မိနေလို့လဲ"

"နင်က မသိသေးတော့ ပြောရမှာပေါ့, ဟဲ့ မေသက် နင်ပြောပြလိုက်"
အိမ့်မှုးက မေသက်ကို လွဲချလိုက်သည်။
အယွန်း နားမလည်တော့။ ဘာကိစ္စကြောင့် သူမကို ဒါတွေလာပြောနေသလဲဆိုတာ။

"ဒီလို အယွန်း, နင် လူမော်အောင်ကို မသိခင်တည်းက ယမုံက သူ့ကို ချစ်နေတာ။ နင် ယမုံ့အကြောင်းလည်း သိတာပဲ။ သူ့ အမဲစက်ကြောင့် ဘယ်သူ့ကိုမှ အရောမဝင်တာကို"

"နင်တို့က လွဲနေတာ, လူမော်အောင် နဲ့ငါက ရည်းစားမှ မဟုတ်ပဲ။ ယမုံ သဘောကျရင်လည်း သူတို့ Date လို့ရတာပဲလေ"

"မဟုတ်ဘူး အယွန်း, ယမုံက သူ့ကို အတည်ချစ်နေတာ, နင်က မသိပေမယ့် ငါတို့က သိနေတယ်ဟ, ယမုံ့ ဘဝမှာ လူတစ်ယောက်ကြောင့် မျော်လင့်ချက်ရှိလာတယ် ဆိုရင် အဲ့လူက လူမော်အောင် ပဲ"

"ငါ တခါ ယမုံ့ကို သူ့အကြောင်း ပြောမိပါသေးတယ်။ ယမုံက သူ့ကို အမြင်ကပ်နေတာပါ။ အခုကျမှ ဘယ်လိုဖြစ်သွားတာလဲ"

"ရွှေရည်ရေ, ရှင်းလေး ရှုပ်လေ ဖြစ်နေပြီ"
မေသက်က ခပ်မောမောလေး ဆိုတော့

Princess of Dark God 🔞Where stories live. Discover now