လူနာပြန်သွားပြီး မဟာ လဲ သန့်ရှင်းရေးလုပ်ကာ အိမ်ပေါ်ပြန်တက်လာတော့ ဂျစ်တူး နဲ့ ကိုလင်း က ခုံမှာထိုင်နေကြသည် ။
" တကယ်ပါပဲ အဲ့လိုဆေးမြီးတိုတွေနဲ့လျှောက်ကု ပြီးမှ မနိုင်မှ အဖေ့ဆီပြေးလာနဲ့ တကယ်ပါပဲ စိတ်တိုတယ် မတော်လို့ တစ်ခုခုဖြစ်ကုန်ရင် ဘယ်လိုလုပ်ကြမလဲ လူတွေကလေ ဘယ်လိုမှကို ပြောလို့မရဘူး "
" စိတ်လျှော့ပါ မဟာရယ် အခြေအနေကဘယ်လိုလဲ "
" တော်သေးတာပေါ့ ဆီးချိုလဲမရှိဘူး အချိန်မှီရောက်လာလို့လေ မဟုတ်ရင် ဖြတ်ရတော့မယ် "
ခုံမှာ ဝင်ထိုင်လိုက်ပြီး အကျီလက်ကိုဆွဲတင်ကာ ပြောတဲ့ မဟာ့ကို အထွန်း ကြည့်နေမိသည် ။
" ဒီလိုပါပဲ ရွာတွေမှာက ဘယ်လောက်ပြောပြောအဂ်လိပ်ဆေးဆိုမကြိုက်ကြဘူး ဆေးမြီးတိုနဲ့ပဲ လုပ်တတ်ကြတာ "
" အဲ့ဒါပြောတာလေ "
မဟာ့ အသံကြောင့် အထွန်း လန့်ပြီး တုန်သွားသေးတယ် ။
" ဆေးမြီးတိုတွေပဲ အလကားနေ လုပ်နေတာ "
" ထားလိုက်ပါတော့ မဟာရယ် အခု အဆင်ပြေသွားပြီပဲ "
" ဟုတ် ကိုလင်း "
ကိုလင်းက အခန်းထဲပြန်ဝင်သွားပြီး ဂျစ်တူး သာ ကျန်ခဲ့သည် ။
" ဂျစ်တူး ပျင်းနေပြီလား အလုပ်ကပေါ်လာလို့ "
" ဟင့်အင်း မ မပျင်းပါဘူး ကို ကိုကိုး "
" ဂျစ်တူး ဘာလို့အသံတွေတုန်နေတာလဲ "
" ဟင့် ဟင့်အင်း မ မတုန် ပါ ဘူး "
" အင်းပါ ဂျစ်တူးကိုကြည့်ရတာ လန့်နေသလိုလိုနဲ့ "
" မဟုတ် မဟုတ်ပါဘူး "
" အင်းပါ ကိုယ်ပြော ... "
အခန်းထဲက ဖုန်းက မြည်လာတာကြောင့် အခန်းထဲဝင်ကာ ဖုန်းကိုင်လိုက်သည် ။
" ဟယ်လို "
" မဟာအာကာ မင်း မနက်ဖြန် ရန်ကုန်ပြန်ခဲ့ "
" ဒယ်ဒီ "
" အထွန့်မတက်နဲ့ ကားလွှတ်လိုက်ပြီ မနက်ဖြန် ပြန်လာခဲ့ "