Part (23)

17.1K 1.3K 66
                                    

Unicode

" ဟင့် .... အင့် ..... "

အုံခဲနေတဲ့ခေါင်းနဲ့ ခန္ဓာကိုယ်က
နာကျင်မှုတွေကြောင့် ရှင်းညည်းညူမိသည်။

တစ်ကိုယ်လုံး အရိုက်ခံထားရသလို
ကိုက်ခဲနေသည်။

မျက်လုံးဖွင့်ဖို့တောင် အနိုင်နိုင်အားယူနေရသည်။

ရွှေပေါ်မြတင်နေခဲ့ရသူမို့
ဒီနာကျင်မှုက အသည်းခိုက်စရာ .......

အမြင်အာရုံတွေ ရှင်းလင်းလာပြီဆိုတာနှင့်
အိပ်ယာက ထကြည့်သည်။

မလွယ် ..... တင်းကြပ်နေသော လက်တစ်စုံက ခါးထက်မှာ ရစ်သိုင်းကာနေရာယူထား၏။

" နိုး...နိုးပြီလား ကလေး ..
သက်သာရဲ့လား ...
ဘယ်နားနာနေသေးလဲဟင် "

ရှင်းရဲ့လှုပ်ရှားမှုကြောင့်နိုးလာသော
ရိ၀မ်လောင်ရှစ်က ပြူးပြူးပြာပြာနှင့်
တတွတ်တွတ်ရေရွတ်နေ၏။

ရှင်းအသားတွေ တဆတ်ဆတ်တုန်ကာ မျက်ရည်ဝဲလာသည်။

ယောကျ်ားလေးချင်းအနိုင်ကျင့်ခံရသည့်
အတွေးက ရင်ကိုတင်းကြပ်ကာ
အသက်ရှူရခက်စေသည်။

" ကလေး ... ကလေး ဘယ်နားနာလို့လဲဟင် ..
ကိုယ် ဆရာ၀န် ခေါ် .. ခေါ် ..... "

" မုန်းတယ် "

ရှင်းရဲ့ တိုးလျလျအသံအောက်မှာ
ရိ၀မ်လောင်ရှစ်ရဲ့ ပြာပြာသလဲအမူအရာတွေ
အားလုံး ရပ်တန့်ကုန်သည်။

" ခင်ဗျားကြီးကို မုန်းတယ်လို့ .... ဟင့် ... "

ရှင်းကသာ မျက်ရည်တွေနဲ့ မုန်းတယ်လို့ တသွင်သွင်ပြောနေပေမယ့် ရိ၀မ်လောင်ရှစ်က ဘာမှတုန့်ပြန်မလာ ....

အသက်မဲ့သူတစ်ယောက်လို ခေါင်းကိုသာ
ငုံ့ထားနေသည်။

ရှင်းစိတ်ထဲ နည်းနည်းလေးဆိုးချင်လာသည်။

အနည်းဆုံးတော့ သူတောင်းပန်သင့်တယ်မလား .......

ဒီတိုင်းငြိမ်နေမယ့်အစား တောင်းပန်လိုက်ရင်
ရှင်း စိတ်ထဲသက်သာသွားမှာ .....

ချစ်နေတာမှန်ပေမယ့်
မိမိကို အနိုင်ကျင့်တာကိုတော့
ခံပြင်းမိပါသည်။

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now