Part5(Unicode)

489 54 12
                                        

{ချစ်ခြင်းအစဂွကြားမှ...}

hoodiesအဖြူလေးနဲ့ ဂျင်းအမဲရောင်ကိုဝတ်ဆင်ထားပြီး လေချွန်ကာထမင်းစားခန်းထဲသို့ဝင်လာသည့်ပိုးခန့်ကို ဟိန်းဆက်တို့လေးယောက်သား တော်တော်လေးကိုကြည့်မရတော့...ဘာတွေဆင်ပြင်နေမှန်းကိုမသိဘူး ဟော ထွက်လာတော့လဲဒီရုပ်ကဒီရုပ်ပဲကို..

" ပိုးခန့် ဟိုဘဲကြီးမသက်သာသေးဘူးလား "

" ဘယ်ကဘဲကြီးလဲ "

" ဇံဆိုတဲ့လူကိုပြောတာ "

" ဘဲကြီးလို့မခေါ်ပါနဲ့ဟ အကိုကငါတို့ထက်၁၀နှစ်တောင်ကြီးတာကို အကြီးကိုရိုသေရတယ်တဲ့ ဟဲ့အနွယ်မနင့်အကောင်ကိုပြောအုံး ငရဲအိုးဂျိုးကပ်နေမယ် "

" ဂျိုးကပ်တာနောက်မှ ငါတို့မေးတာသာအရင်ဆုံးဖြေ "

" ဟုတ်တယ် မင်းသူ့စီသွားနေတာငါးရက်လောက်ရှိတော့မယ် အခုထိမသက်သာဘူးဆိုတာတော့မဖြစ်နိုင်ဘူး မင်းလဲ နောက်ရက်ရန်ကုန်ပြန်ရမှာလေ "

'ဟုတ်သားပဲ ပိုးခန့်ကိုပြန်လာဖို့မေမေကလှမ်းခေါ်နေပြီ ပြင်ဦးလွင်မှာတစ်လလောက်နေမလားလို့ကို အဲ့တာဟ်ိုဇူးခက်မ လျှာကိုရှည်တာ ဆိုင်ကယ်တိုက်တဲ့အကြောင်းသာသွားမပြောရင်မေမေကပြန်ခေါ်မှာမဟုတ် အခုတော့ဘယ်မှတောင်မသွားလိုက်ရပဲ ပြန်ရတော့မယ် '

ပ်ိုးခန့်မကျေမနပ်ဖြစ်ကာ ဇူးခက်အားမျက်စောင်းတစ်ချက်ထိုးလိုက်သည်။ဇူးခက်ကလဲ ပ်ိုးခန့်ကိုအရှုံးမပေးပဲ လျှာပြန်ထုတ်ပြသည်။
မျက်စောင်းထိုးလိုက် လျှာထုတ်ပြလိုက်နဲ့မနက်စာစားရတော့မှာမဟုတ်လို့ ပိုးခန့်ကပဲအလျော့ပေးလိုက်တော့သည်။အဲ့ဇူးခက်မကို နိုင်မှမနိုင်ပဲ။

" အင်းပါ ငါဒီနေ့သူ့ကိုပြောလိုက်မယ် သွားပြီးတာ့တာ "

ထော်ပတ်သုတ်ထားတဲ့ပေါင်မုန့်တစ်ချက်ကိုပါးစပ်ထဲအကုန်သွင်းထည့်လိုက်ရင်း တာ့တာပြကာ လူပျိုကြီးရှိရာအရပ်သို့သွားရန် ချီတက်ခဲ့သည်။

~~~~~~~~~~~~~~~~~~~~~~~~~

မနက်စောစောထ သေချာပြင်ဆင်ပြီးမနက်စာစားကာ ပုလုံးလေးလာမည်ကိုစောင့်နေလိုက်သည်။ဒီနေ့နဲ့ဆို ပုလုံးလေး ဇံကိုလာကြည့်ပေးတာ၅ရက်ရှိပြီ။

ကျွန်တော့်ယောက်ကျားကိုချစ်တီး[ကျွန်တော့်ယောက်ကျားကိုချစ်တီး]Donde viven las historias. Descúbrelo ahora