Part-1

2.7K 167 13
                                    

Unicode

ခဲတစ်ချောင်းနဲ့ပိတ်သားတစ်ခုပေါ်ပြေး
လွှားနေတဲ့ လက်ချောင်းရှည်သွယ်သွယ်တွေ။ နီစွေးစွေးပိတ်စပေါ် ပြေး
လွှားလှုပ်ရှားနေတဲ့ ထိုလက်ချောင်းရှည်သွယ်သွယ်တွေက ဖြူအုနေခဲ့ပြီး ညာ
ဘက်လက်ရဲ့လက်ခလယ်ထက်က မှဲ့နက်လေးကလဲအထင်းသား။

သူက အလုပ်ဆီလဲအာရုံစိုက်နေရသလို အလုပ်ခန်းထဲက တခြားနှစ်ယောက်ကိုလဲ မလွတ်တမ်းအာရုံထားနေရပါသေး
၏။

"စန်းလင်အာ့...လေ​ျှာက်မကိုင်နဲ့ကွာ..
ကုန်းကျွင့် မင်းကထိန်းဦးလေ အဲ့တိုင်း
ထိုင်နေတော့မှာလား"

ခပ်လှမ်းလှမ်းက အလုပ်စားပွဲရှည်ပေါ်
တက်ထိုင်နေတဲ့ တစ်ဖက်လူက သူ့ရဲ့
စကားသံကိုကြားတော့ ဖတ်လက်စစာ
အုပ်ကိုမြှောက်ပြရင်း စိတ်မပါလက်
မပါအသံနဲ့ ပြန်ဖြေလာသည်။

"ဒီတိုင်းထိုင်နေတာမှမဟုတ်တာ..ဒီမှာ
စာအုပ်ဖတ်နေတယ်လေ"

စိတ်မရှည်တော့လို့ ဘာစကားတစ်ခွန်းမှထပ်ပြီးပြောမနေတော့ဘဲ လုပ်လက်စ
အလုပ်ကို ခဏလောက်ရပ်ထားလိုက်
ရင်း ခုံကနေထလိုက်သည်။ ကလန်က
လားအရပ်နဲ့လိုက်အောင် မတရားရှည်
လျားနေပါသည့် ဒီခြေထောက်တွေက
ထိုင်ရင်းအလုပ်လုပ်ရတဲ့သူ့အတွက်တော့ တော်တော်ကြီးကို အဆင်ပြေမနေပါ။ ညောင်းကိုက်စပြုလာတဲ့ ဒူး
ခေါင်းနားကို လက်နဲ့ တဖတ်ဖတ်ထု
ရိုက်လိုက်ရင်း အလုပ်ခုံအံဆွဲအသေးလေးထဲက အာလူးကြော်ထုတ်ကို ထုတ်
ယူလိုက်သည်။

မုန့်အိတ်ဆီက တကြွတ်ကြွတ်အသံကို
ကြားတော့ သကောင့်သားနှစ်ယောက်
က ပြူးပြူးပြဲပြဲနဲ့ဝိုင်းကြည့်လာကြတော့သည်။

မတိုင်မီကမှ စာအုပ်ဖတ်နေပါသည်ဆို
သည့်ဆင်ခြေကိုပေးထားခဲ့တဲ့လူကလဲ
အာလူးကြော်ထုတ်သံကြားတော့မှ လက်ထဲက စာအုပ်ကိုချပြီး ကမန်း
ကတန်း ထပြောလာပါ၏။

"အာ...အဟမ်း စန်းလင်အာ့ ဒီကိုလာ
လျှောက်လျှောက်ကိုင်မနေနဲ့လေ သူမ​ကြိုက်တာသိရဲ့သားနဲ့..ဒီမှာလာထိုင်
တော်ကြာ သူစိတ်ဆိုးပြီး မင်းကိုကွတ်ကီးတွေမပေးတော့ရင်ဘယ်လိုလုပ်မလဲ"

302 (Completed)Where stories live. Discover now