PART [5.14]🔞

19.9K 510 16
                                    

(zawgyi)
🍁💫🍁
အချစ်ဆိုတာ

အဖြူရောင်ပိုးလိုက်ကာအခန်းကျယ်ထဲသို့ဖြေးညှင်းစွာဝင်လာလိုက်သည်။

ရွှေညိုရောင်ရေချိုးကန်ကြီးအတွင်း၌ ပန်းပေါင်းစုံခြွေချဝပ်ဆင်းစွာ အခစားတော်မူနေသည့်
ခန့်ငြားတည်ကြည်လှသည့် ဦးရီးတော်ပိုင်ထင်းရိ
ကော့စင်းနေသောမျက်တောင်တို့ကိုပိတ်လှပ်ထားကာ အေးချမ်းမှုနှင့်တိတ်ဆိတ်မှုကြောင့် စိတ်ချမ်းသာစွာအနားယူနေလေသည်။

ကြမ်းပြင်ပေါ်တစ်ခုခုကို ညင်သာစွာပြုတ်ကျသံကို တိတ်ဆိတ်နေမှုကြောင့် ခံစားမိတယ်။

ရေစက်လေးများတွဲလဲခိုနေသည့် မည်းနက်နေသောမျက်တောင်အစုံကိုပွင့်ကြည့်မိသည်။မျက်လုံးများဝင်းလဲ့စွာကြည့်မိသွားသည်။

ကြင်ယာတော်ဝမ်ရှိုးယွဲ့ ကြက်သွေးနီရောင်ဝတ်ရုံလွှာကို နူးညံ့စွာဖြေချရင်း ကြမ်းပြင်ပေါ်အပုံသားလေးဖြစ်သွားသော ဝတ်ရုံထဲမှထွက်ခါ ကြက်သွေးရောင်နုအတွင်းဝတ်ရုံတော်လေး၏ ရင်သိုင်းကြိုးကိုထပ်မံဖြေချနေရင်း လျောက်လမ်းလာသည်။

လှုပ်ရှားမှုတိုင်းကို စူးစိုက်စွာကြည့်နေသော ပိုင်ထင်းရိ၏ တောက်ပသောမျက်ဝန်းကို ရီဝေစွာကြည့်ရင်း ဝတ်ရုံတော်ကြက်သွေးနုရောင်လေး ကြမ်းပြင်ပေါ်ပုံကျသွားပြန်ပြီ။ ထိုမှထွက်ခါ ရေကန်ဆီဆက်လျောက်လာပြီး ကျန်ရှိသေးသည့်.အဖြူရောင်အတွင်းဝတ်ရုံပါးလေးအား.ရင်သိုင်းကြိုးဖြေပြန်ပြီ။
ဖြေနေရင်းနှင့် ရေကန်ထဲသို့ဆင်းလာခဲ့သည်။

ဖြူဖွေးနုဖတ်နေသော ပုခုံးသားလေးများပေါ်လာသည်အထိ အတွင်းဝတ်ရုံဖြူဖြူလေးအား ဆွဲချလိုက်ကာ

ဝမ်ရယ်နှင့်အနီးဆုံးသို့ချဉ်းကပ်ကာ အရမ်းမဖြူသော်လည်း ကြည်လင်စွာရွှေရောင်အသားရည်ရှိသော ထင်းရိ၏ ရင်ဘတ်ဖွေးဖွေးပေါ်က အဖုအထစ်ကြွက်သားများသို့ လည်တိုင်မှသည် လက်သွယ်သွယ်လေးနှင့်ပွတ်သပ်ကာ ရင်ဖိုစရာကောင်းသောရင်ဘတ်ပြင်ဆီအထိ ရီဝေစွာစီးမြောရင်း ထိတွေ့လိုက်ကာ တုန်ယင်နေတဲ့ ထင်းရိနှုတ်ခမ်းနား ရှိုးယွဲ့နှုတ်ခမ်းလေးကိုနီးကပ်လိုက်တော့ ပွင့်ဟလာသော ထင်းရိနှုတ်ခမ်းတွေက တစ်ခုခုကိုလိုချင်နေသည့်အလား တောင်းတနေသည်။

  Vîllïañ's Wïšĥ ~ Arc[2]💜[3]💜[4]💜[5]Where stories live. Discover now