Part 5(Unicode)

948 60 1
                                    

.တဖြည်းဖြည်း ဆောင်းနဲ့ ဂျွန်နဲ့ရင်းနှီးလာတာ.. နှစ်လကျော်လောက်ရှိခဲ့ပြီ။ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းသိလာခဲ့သည်။ ဂျွန်ဟာ တစ်ယောက်ထဲ အထီးကျန်ဆန်တဲ့သူမို့.. ဆောင်းနဲ့အတူရှိတဲ့အခါ.. နွေးထွေးတဲ့ခံစားချက်ကို ခံစားမိလာသည်။ ဆောင်းဟာ တစ်စုံတစ်ယောက်ရဲ့ဂရုစိုက်မှုကို လိုနေတာမို့.. ဂျွန်ဟာလည်း ဆောင်းရဲ့တစ်စုံတစ်ယောက် ဖြစ်လာသည်။ တစ်ယောက်ရဲ့ဘဝမှာ.. တစ်ယောက်က အရမ်းအရေးပါလာသည်။

တကယ်တော့ အချစ်ဆိုတာဟာလည်း.. ရင်ဘတ်ထဲက ကွက်လပ်တွေကို အချင်းချင်းဖြည့်ပေးတာဘဲ.. မဟုတ်ပါဘူးလား...။

ဂျွန်နဲ့ ဆောင်းနဲ့ အမြဲတမ်း စာကြည့်တိုက်တစ်ခုမှာ စာအတူတူလုပ်ကြသည်။ အိမ်ကလည်း သိပ်မဝေးတာမို့ မကြာခဏဆုံဖြစ်သည်။

ဆောင်းသည် စာအုပ်စင်ပေါ်က စာအုပ်တွေကို လှမ်းထုတ်ပြီး.. တစ်ပုံတစ်ခေါင်းသယ်လာသည်။ ခလုတ်မတိုက်အောင် သတိထားနေရသော်လည်း.. နံရံဘောင်တစ်ခုနှင့်တိုက်မိကာ.. စာအုပ်များအကုန် ဝုန်းခနဲပြုတ်ကျသွားသည်။

' စာအုပ်လည်း ကျလို့မဖြစ်ဘူး...။ ဘယ်အရာမှ ကျလို့မဖြစ်ဘူး...' ဟုတီးတိုးစွာ ရေရွတ်ကာ တစ်အုပ်ချင်းလိုက်ကောက်နေသည်။

ထိုစဉ် ဂျွန်က ဆောင်းရှေ့မှာလာရပ်ကာ ဆောင်းအဖြစ်ကိုရယ်ရင်း ကူကောက်ပေးနေသည်။

' အမြဲတမ်း.. ကပျက်ကချော်နဲ့..။ မနိုင်ရင် ခွဲသယ်ပါ့လား...'

ဆောင်းက စူစူပုတ်ပုတ်ဖြင့်..

' ပင်ပန်းတာကို...'

' အခု ပိုပင်ပန်းတာပေါ့...'

ဆောင်းက ဆတ်ခနဲထရပ်ကာ ဂျွန့်ကို စိုက်ကြည့်လိုက်သည်။

' အမြဲတမ်း.. ဆရာကြီး အရမ်းလုပ်တယ်..'

ဂျွန်က အားရပါးရရယ်ကာ.. ဆောင်းရဲ့ ဆံပင်တိုနန့်နန့်လေးတွေကို ထိုးဖွလိုက်ပြီး..

' ကလေးဆိုးကြီး လုပ်မနေနဲ့...'

ဆောင်းက တစ်ကိုယ်လုံးထူပူလာကာ အောက်ကိုငုံ့လိုက်ပြီး..

' အကုန်သယ်ခဲ့တော့...' ဟုဆိုကာ လှည့်ထွက်လာခဲ့သည်။

ဂျွန် ပြန်လာ‌တော့.. ဆောင်းက စာအုပ်ကိုခေါင်းပေါ်တင်ကာ မှောက်အိပ်နေသဖြင့် ဂျွန်က ခေါင်းကိုတစ်ချက်ထုလိုက်ပြီး...

တိမ်ပြိုတွေငိုတဲ့အခါWhere stories live. Discover now