Part-3

546 94 8
                                    

Unicode

ရက်ပိုင်းလောက်အလုပ်လေးနည်းနည်း ပါးနေတော့ ကျန်းကျယ်ဟန့်တို့က တိုက်ခန်းလေးဆီမှာပဲနေရင်း နားနား
နေနေနဲ့ပဲအလုပ်ကိုအေးဆေးလုပ်ဖြစ်နေသည်။

ဒီလိုရက်တွေဆိုရင် မနက်စာရော နေ့
လည်စာရော ညစာရောအတွက် တာဝန်
ယူကာ ချက်ပြုတ်ပေးမယ့်သူကတော့
သေချာပေါက်ကို စားဖိုမှူးကုန်းကျွင့်
ဖြစ်ပါ၏။

အိမ်မှာ ဘာအလုပ်အကိုင်မှမလုပ်ဘဲ
ဒီတိုင်းထိုင်စားနေတဲ့ တစ်ဦးတည်းသောသူဆိုလို့ ဂြိုလ်ကောင်လေးစန်းလင်အာ့သာရှိမည်။ ထိုင်စားတယ်ဆိုပေမဲ့လဲသူစားတဲ့တစ်ခုတည်းသောအရာက ကွတ်ကီးတွေသာ..။

စန်းလင်အာ့အတွက်ကတော့ မနက်စာလဲ ကွတ်ကီး။

နေ့လည်လဲ ကွတ်ကီး။

ညစာလဲ ကွတ်ကီး။

အားနေလဲ ကွတ်ကီး။

မအားလဲ ကွတ်ကီး။

ကွတ်ကီး ကွတ်ကီး ကွတ်ကီး....။

သူကတစ်မျိုးထူးဆန်းသေးသည်....
အသွင်းပဲရှိသည် လူတွေလို အထုတ်မရှိ။ ဆိုတော့....ဒင်းလေးက ဘာပဲသွပ်သွပ်...အသွပ်ပဲရှိပြီး အထွက်မရှိတော့...
သွပ်လိုက်သမျှတွေက သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ဘာတွေများဖြစ်ကုန်ပါသလဲဟု မေးစရာရှိလာ၏။

ကုန်းကျွင့်နဲ့ကျန်းကျယ်ဟန့်တို့နှစ်ယောက်သားသည်လဲ ခန္ဓာကိုယ်တွေလွဲ
နေခဲ့သည်မှာဆယ်ရက်ပင်ကျော်လာခဲ့
ပြီမို့ အခက်အခဲတွေနဲ့အသားကျစပြုလာတော့သည်။ မီးဖိုခန်းထဲကနေ အေပရွန်ဝတ်ရက်သားနဲ့ထွက်လာတဲ့ကုန်းကျွင့်က TVရေှ့မှာ ကွတ်ကီးတစ်ထုတ်ကိုင်ရင်းအတောင့်သားထိုင်နေတဲ့ စန်းလင်အာ့ရဲ့ဘေးကိုဝင်ထိုင်လိုက်သည်။ ကိုက်ခဲနေတဲ့ပခုံးကို လက်သီးဆုပ်နဲ့ထုရင်း ကုန်းကျွင့်က စန်းလင်အာ့နဲ့စကား
စမြည်လေးပြောရန်ဆုံးဖြတ်လိုက်သည်။

"စန်းလင်အာ့....မင်းနာမည်ကဘာလို့ 302(စန်းလင်အာ့)ဖြစ်နေတာလဲ..မင်းတို့ဂြိုလ်မှာကအဲ့လိုပဲလား မဟုတ်မှလွဲရော မင်းအဖေနဲ့အမေနာမည်က 300နဲ့
301 များလား"

ကုန်းကျွင့်က ပြုံးဖြီးဖြီးနဲ့ စနောက်ပြီးမေးလိုက်ပေမဲ့ စန်းလင်အာ့ကတော့ စနောက်နေသည်ဟု ယူဆပုံမပေါ်ပါချေ။ သူကအတည်ပေါက်မျက်နှာနဲ့ အတောင့်သားဖြေလာ၏။

302 (Completed)Where stories live. Discover now