Chapter(39):ပြဿနာရှာကြသူများ ပြဿနာရှာကြသူများ

5.7K 1K 40
                                    

Zawgyi

မြေကွက်ကဝယ်ထားပြီးပေမဲ့လည်း တကယ်လို့ ရှုရန်နဲ့လျိုထုံတို့နှစ်ယောက်တည်းသာ အလုပ်လုပ်ကြမယ်ဆိုရင် လယ်အလုပ်ကို သူတို့ဘယ်တော့မှ ပြီးနိုင်မှာမဟုတ်ဘူး။ အထူးသဖြင့် မြေကွက်ရိုင်းတွေအနေနဲ့ ရှိနေသေးတဲ့အချိန်မှာပေါ့။ ဒါ့အပြင် ရှုရန်ကိုယ်တိုင်ကလည်း လယ်အကြောင်း အနည်းငယ်ပဲ သိတယ်။ အဲ့ဒါကြောင့် သူတို့အတွက် အလုပ်လုပ်ပေးဖို့ တစ်စုံတစ်ယောက်ကို သူတို့ငှါးရမ်းရမယ်။

နွားတွေနဲ့ ထွန်ယက်လိုက်ရင် ပိုမြန်ပေမဲ့လည်း အခုသူတို့ဆီမှာ နွားမရှိသေးဘူး။ ပြီးတော့သူက သူ့ဘာသာသူလည်း ဒီဇိုင်းဆွဲပြီး လယ်ပစ္စည်းကိရိယာတွေကို မပြုလုပ်နိုင်ဘူး။ သူတို့တွေ အခက်အခဲကြီးကြီးမားမားနဲ့ ရင်ဆိုင်
နေရတယ်ဆိုတာ ရှင်းနေတာပဲ။

ညအချိန်တွင် ရှုရန်နဲ့လျိုထုံတို့က ဆွေးနွေးခဲ့ကြတယ်။ မြေကွက်တွေကို ရှင်းဖို့အတွက် လူတွေကို ငှါးမှရမယ်လို့ သူတို့နှစ်ယောက်စလုံး ခံစားလိုက်ရတယ်။

ဒါပေမဲ့ အခုလက်ရှိ သူတို့မိသားစုမှာက ငွေနည်းနည်းလေးပဲရှိတယ်။ ငရုတ်အနှစ်အသစ်တွေအားလုံးကို လုပ်ပြီး ရောင်းကုန်သွားတဲ့အချိန်အထိ သူတို့စောင့်မှရမယ်။

ဒီနှစ်ရဲ့အချိန်ကျရောက်လာတဲ့အခါကျမှ မုန်လာဥဖြူကိုစိုက်ပျိုးဖို့အတွက် သူတို့ဘာသာသူတို့ မြေကွက်အချို့ကို ရှင်းလင်းဖို့ စီစဉ်လိုက်တယ်။ တစ်ခြားမြေကွက်တွေအတွက်ကတော့ နောက်နှစ်နွေဦးရောက်တဲ့အထိစောင့်ဖို့ ဆုံးဖြတ်လိုက်တယ်။

မုန်လာဥဖြူတင်မကပဲနဲ့ အာလူးကိုလည်း ဆောင်းရာသီမှာ စိုက်ပျိုးနိုင်တယ်။ အဲ့ဒါဆိုရင်  နောက်နှစ်နွေဦးအစမှာ သူတို့မိသားစုမှာ စားဖို့ အာလူးရှိလိမ့်မယ်။ ထပ်ပြီးတော့ သူတို့တွေ ငါးပူဒီနာပင်အချို့ကိုလည်း စိုက်မယ်။
ပြီးတော့ အပင်ကြီးထွားလာတဲ့အချိန်ကျရင် သူတို့
နောက်နှစ်နွေဦးမှာ ရောင်းနိုင်လိမ့်မယ်။

ဒီအကြောင်းတွေကို ရှုရန် ပိုပြီးတွေးလေလေ သူပိုပြီးပျော်ရွှင်လေလေပဲ! အရာအားလုံးက သူ့ရဲ့အစီအစဉ်အတိုင်း ဖြစ်လာခဲ့မယ်ဆိုရင် သူကသေချာပေါက်ကို မြေပိုင်ရှင်ကြီးဖြစ်လာတော့မယ်လို့ ခံစားလိုက်ရတယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now