Part 14

3.1K 253 33
                                        

Unicode................

မမဟာ သျှားနဲ့ပြဿနာတက်ပြီးတဲ့နောက်မှာ သျှားအပေါ်တဖြည်းဖြည်းသူစိမ်းဆန်လာသည်

မနက်မိုးလင်းတာနဲ့ ကလေးနိုးပီလားဆိုသည့် messageလဲရောက်မလာ၊ မနက်စာ လာစားလှည့်ဆိုသည့် စာလဲရောက်မလာတာ ၁ပတ်လောက်ရှိနေပါပြီ မမနဲ့ဆုံတွေ့ခဲ့တဲ့နောက်ပိုင်း သျှားဘဝလေး အသက်ဝင်လာခဲ့သည်/ခုတော့ ပြန်လည်ခြောက်ကပ်သွားပြန်သည် ....ပိုဆိုးတာက မမ မရှိတဲ့တခါ မနေနိုင်တဲ့ အခြေအနေပါဖြစ်လာသည်/ အကြင်နာမေတ္တာတေနဲ့ ဂရုစိုက်မူတေပေးတာလဲ မမဘဲ၊ ခုလို သူစိမ်းတစ်ယောက်လို လျုစ်လျူနေတာလဲ မမဘဲလား ...

အမှောင်ထု ကြီးစိုးနေသည့် အလုံပိတ်တိုက်ခန်းထဲ၏ကုတင်ပေါ်တင် မိန်းကလေးငယ်တစ်ယောက်ဟာ ဒူးထောင်လက်ပိုက်ပြီး သူမမျှော်လင့်တောင်းတနေသော စာတိုလေးတစ်ကြောင်းအား စောင့်ဆိုင်းနေသည်မှာ ၁နာရီနီးပါးရှိနေပါပြီ

သို့သော်....ရောက်မလာခဲ့

မမ အချစ်ကိုပိုင်ဆိုင်ပိုင်ရဖို့ အင်အားသုံးပြီးမလုပ်ချင်ပါဘူး ကိုယ်လိုချင်တာက မမဆီကအချစ်ပါဘဲ လူမဆန်စွာ ဇွတ်အတင်း မသိမ်းပိုက်ချင်ပါ ဒါပေမဲ့ ရွေးချယ်စရာ မရှိတဲ့အခါ ဒီနည်းကိုဘဲသုံးမှာပါ...ဒီကြားထဲ မမကို ကိုယ့်အချစ်တေနဲ့အရင်သိမ်းပိုက်ပါရစေ...

ဟုတ်တယ် မမအချစ်ကိုရဖို့အရင်ဆုံးကြိုးစားမယ်...ဖိုက်တင်းသျှားခက်နွယ်..

ထိုသို့တွေးမိတော့မှ ကိုယ့်စိတ်ဟာပေါ့ပါးလန်းစမ်းနေသလို.အားအင်တို့တက်ကြွလန်းဆန်လာသလို...

ဖစ်ပေါ်လာသည့်အတွေးတို့ကို လက်စသတ်လိုက်ရင်း မမအခန်းဆီသို့အပြုံးတချို့နှင့်အတူခေါ်ဆောင်သွားလိုက်သည် / password သိနေသည်မို့ တံခါးမခေါက်တော့ဘဲဝင်လာတော့ သူမကို အော်ခေါ်မည်အပြု တိုးညှင်းသောအသံကို တစိုးတစိကြားနေရသောကြောင့် ပြုံးလက်စ အပြုံးတို့ဟာဒီနေရာမှာဘဲ ရပ်တန့်သွားသည် / ကိုယ်ဟာ အရင်က တပါးသူပြောနေသည့်စကားကို ချောင်းနားမထောင်ပါ ဒါဟာအကျင့်ပျက်သည့်လူတေရဲ့ သဘောလက္ခဏာ မလားသို့ပေမဲ့ ခုအချိန်မှာတော့ကိုယ့်ကိုစပ်စုပါတယ်ပြောပြော မနာတော့ပါဘူး မမနဲ့ပက်သက်ရင် ကိုယ်ဟာအရာရာပြောင်းလဲနေတာလား....

🔲🎀𝕊  𝕙 𝕒  𝕣🎀🔲  ❗ Zawgyi+ Unicode❗Where stories live. Discover now