Chapter 136

2.9K 602 7
                                    

Zawgyi
Chapter 136
{အမှားအမှန်ကို သိမြင်ခြင်း - ၂ }

ဆေးရုံအခန်းထဲမှာတော့ ပျော်ရွှင်မှုနှင့် ရယ်မောသံကို လွှမ်းခြုံနေခဲ့သော်လည်း ရီစံအိမ်တွင်တော့ မုန်တိုင်းဝင်နေလေ၏။

အဖေရီနှင့် အမေရီတို့နှစ်ဉီးလုံးဟာ ဆေးရုံမှ ပြန်ရောက်တည်းက တိတ်ဆိတ်နေခဲ့ကြလေတယ်...စကားတစ်လုံးမျှပင် မပြောကြ...

အမေရီသည် ဆိုဖာပေါ်တွင် မကျေမချမ်းနိုင်သည့်ပုံစံဖြင့် ထိုင်နေချေသည်...

အဖေရီနှင့် အမေရီတို့၏ဆိုးရွားနေသည့်စိတ်အခြေအနေကို ခန့်မှန်းမိသောအိမ်ဖော်အဒေါ်ကြီးဟာ သူ့သခင်နှစ်ဉီးရဲ့ဒေါသကို ဖြေလျှော့ရန် လက်ဖက်ရည်ကို ဂရုတစိုက်ငှဲပေးလိုက်လေတယ်...

ထို့နောက်မှာတော့ အိမ်ဖော်အဒေါ်ကြီးက ကြွေထည်လက်ဖက်ရည်ခွက်လေးကို အဖေရီဆီသို့ ကမ်းပေးလိုက်လေသည်...

သို့သော်အဖေရီဟာ ထိုလက်ဖက်ရည်ခွက်အား ဒေါသတကြီး လွှင့်ပစ်လိုက်လေ၏။ အိမ်ဖော်အဒေါ်ကြီးမှာ ကြောက်လွန်းလို့ ခြေ မကိုင်မိ လက် မကိုင်မိပင် ဖြစ်သွားရချေတယ်...

အမေရီသည် သူမ ရင်ဘတ်ကို ဖိကာ ဒေါသကို အနည်းငယ်ဖြေလျှော့လိုက်ပြီး " စားဖို့ တစ်ခုခုသွားဝယ် "

ထိုအခါ အိမ်ဖော်အဒေါ်ကြီးသည် အလျင်အမြန် ထွက်သွားလေ၏...

အဖေရီသည် သူ့ဒေါသကို လူလယ်ခေါင်တွင်  မထုတ်ပြရဲသော်ငြား အိမ်အရောက်တွင်တော့ သူမြိုသိပ်ထားသမျှဒေါသအားလုံးကို ပေါက်ခွဲပစ်တတ်ပေတယ်...

" လုပေရွှမ်းဆိုတဲ့အကောင်က ဘာတွေများ တော်နေ တတ်နေလို့လဲ?!! မိသားစုကောင်းကောင်းမှာ မွေးလာတစ်ခုပဲ ကံကောင်းတဲ့ကောင်ကများ!! သူ့ဘာသာသူဆို ဘာများလုပ်နိုင်မှာမို့လို့လဲ!?!  ၂၀မီလီယံပဲရှိတဲ့ရင်းနှီးမြှုပ်နှံ့မှုအသေးလေးတဲ့!!  ငါ့ကို အထင်သေးနေတာမှန်း သိသာတယ်!! " အဖေရီရဲ့မျက်နှာဟာ တဖြည်းဖြည်းနီမြန်းလို့လာ၏။

" အနည်းဆုံးတော့ ငါက သူ့ထက် အကြီးပါ... အငယ်ဖြစ်ပြီး အငယ်နေရာကို မသိတတ်လိုက်တာ... ငါ့ကို သူ့ယောက္ခထီးလို့ရော မြငိရဲ့လား မသိဘူး "

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now