Part-4

433 87 22
                                    

Unicode

မနက်ခင်းလေးက သာသာယာယာရှိနေ
တော့ ကုန်းကျွင့်က တိုက်ခန်းလေးဘေးက ခြံနေရာလွတ်လေးဆီထွက်ပြီး ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖြစ်သည်။ သို့ပေမဲ့ လေ့ကျင့်ခန်းလုပ်နေကျမ
ဟုတ်တဲ့ကျန်းကျယ်ဟန့်ရဲ့ခန္ဓာကိုယ်ကြွက်သားတွေက ဆန့်မရပြုမရနဲ့ အ
တော်လေးတော့ အခက်တွေ့ပါ၏။

ကုန်းကျွင့်က ထွက်ပြူခါစ နေလုံးကြီးကိုကြည့်ရင်း မိမိခန္ဓာကိုယ်လေးကိုမိမိတွေးပူလာမိသည်။ သူဒီတိုက်ခန်းဆီ စ ရောက်ထဲက ကျန်းကျယ်ဟန့် လေ့ကျင့်ခန်းလုပ်တာကို တစ်ခါမှမတွေ့ဖူးသေးပါချေ။

ခါးကိုဆန့် လက်တွေကိုမြှောက်လို့
အသက်ရှုလေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့
နောက်မှာတော့ ဆံသားစပ်က ချွေးစ
တွေကို ပခုံးပေါ်တင်ထားတဲ့သဘက်အ
သေးလေးနဲ့ တို့ထိတို့ထိလုပ်ကာ သုတ်ဖယ်လိုက်သည်။ ကုန်းကျွင့်က အထဲပြန်မဝင်ခင်လေးမှာ စန်းလင်အာ့ရဲ့ ယာဥ်ပျံရှေ့သွားပြီး လက်အုပ်ကိုချီကာ ထူးခြားမှုရှိလို့ရှိငြား သစ္စာဆိုတိုင်တည်လိုက်သေး၏။

"မိုးနတ်မင်းကြီးခင်ဗျား..ကျွန်တော်ဟာ
အရမ်းကိုချောတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်..မွေးကတည်းက အခုလိုချောလာခဲ့တာပါ..ဤမှန်သော
သစ္စာစကားကြောင်​့ စန်းလင်အာ့က ယာဥ်ပျံကို ပြိုင်ပွဲအမှီပြန်ပြင်နိုင်ပါစေ....ဥုံ"

"အဲ့ဒါဘာလုပ်နေတာလဲ"

"ဝေါ်ထျန်း! !"

ခပ်လုံးလုံးအရာကြီးဆီ မျက်နှာမူကာ
လက်ဖဝါးနှစ်ဖက်ကိုပူးကပ်ထားရင်း
ပါးစပ်ကနေ ပွစိပွစိရေရွတ်နေတဲ့ ကုန်း
ကျွင့်ကို တံခါးဝက ကျန်းကျယ်ဟန့်က
လှမ်းအော်လိုက်သည်။

"လန့်လိုက်တာ.."

"မင်း ရူးသွားပြီလား..ဘာလုပ်နေတာ
လဲ"

ကုန်းကျွင့်က လက်အုပ်ချီထားတဲ့လက်
တွေကို ပြန်ချလိုက်ပြီး လက်နှစ်ဖက်ကို
တဖြောင်းဖြောင်းရိုက်ရင်း မရှိတဲ့ဖုန်ကို
ခါပြလိုက်သည်။ သူက စန်းလင်အာ့ရဲ့ယာဥ်ပျံကြီးကို ေမးငေါ့ပြရင်း ပါးစပ်ထဲရှိရာတွေ လျှောက်ပြောပြန်ပါ၏။

302 (Completed)Where stories live. Discover now