Part 14(Unicode)

773 49 0
                                    

ဆောင်းက ယောက်ျားလေးနှစ်ယောက်နှင့် ကျန်ခဲ့သဖြင့် နေရထိုင်ရခက်လာသည်။ အာသာက တစ်စုံတစ်ခုကိုသတိရကာ လွှတ်ခနဲ ပြောလိုက်သည်။

' ဟာ... တွေ့ကြပြီ...'

ကေသီက အိမ်သာထဲရောက်တော့ မှန်ရှေ့မှာ ဆံပင်တစ်ချက် သပ်တင်လိုက်သည်။ လူရှင်းနေသဖြင့် တစ်ယောက်မှမရှိဟုထင်ကာ.. တံခါးတစ်ချက်ကို တွန်းဖွင့်လိုက်တော့ အိမ်သာအဖုံးပေါ်မှာ ခြေထောက်ချိတ်ထိုင်ရင်း.. ခြေဖနောင့်ကို ဆေးထည့်နေသော ဟန်နီ့ကိုရုတ်တရက် တွေ့လိုက်ရသည်။

' အာ... ဆောရီးပါ...။ တံခါးမပိတ်ထားတော့.. လူမရှိဘူးထင်တာ..။ ခြေထောက်ပေါက်နေလို့လား...။ အဲ့တာဆို.. ရေအရင်ဆေးပြီးမှ ထည့်တာ ပိုကောင်းမယ်ထင်တယ်..' ဟု ပြောမိပြီးမှ ' ဟာ.. သွားပြီ ' ဟုတွေးကာ ကျောချမ်းရသည်။

ကေသီက အကျင့်ပါနေသော ကိုယ့်ပါးစပ်ကိုယ် ပိတ်ရိုက်ချင်စိတ် ပေါက်သွားသည်။ ' အာ... အလိုက်မသိဘဲ ပြောမိပြန်ပြီ..။ ငါလည်း ဆောင်းနဲ့အတူတူဘဲ...' ဟုတွေးမိတော့ အလိုလိုပြုံးမိသည်။ ဟန်နီက ဟက်ခနဲရယ်ကာ ဖိနပ်ပြန်ဝတ်လိုက်ပြီး..

' ဘာလဲ.. မင်းက တို့ကိုရယ်တာလား...။ အစကတည်းက.. အာသာ့ကိုကြည့်တဲ့ မင်းမျက်လုံးတွေကို တို့မကြိုက်ဘူး..။ သူ့နားမှာဘဲ... ဘာလို့ ရစ်သီရစ်သီနဲ့ နေနေတာလဲ..။ လစာကောင်းလို့လား...။ တကယ်တမ်း ရေဆေးရမှာ.. မင်းရဲ့စိတ်ကိုထင်တယ်...'

ဟန်နီချိုက အနီးနားက ရေပိုက်ခေါင်းကို ဆတ်ခနဲယူလိုက်ပြီး.. ကေသီ့နားကပ်လာကာ ဖြန်းလိုက်သည်။ ကေသီ့ အင်္ကျီတစ်ခုလုံး စိုရွှဲသွားကာ.. ကိုယ်တွင်ကပ်သွားသည်။ ကေသီက နောက်တစ်ချက်ဆုတ်လိုက်ပြီး ဟန်နီချို့ကို စိုက်ကြည့်ကာ..

' ရှင် ဘာလုပ်တာလဲ...'

' ရေ အရင်ဆေးပေးတာလေ...။ အလိုက်တသိနဲ့ ထွက်သွားရင်ကောင်းမယ်..။ အာသာက ဦးနှောက်ရှိတယ်..။ မင်းလိုလူမျိုးနဲ့.. ဘယ်တော့မှ ပတ်သက်မှာမဟုတ်ဘူး...' ဟုဆိုကာ ကေသီ့အင်္ကျီကို လက်ညှိုးနဲ့ထိလိုက်ပြီး..

' ဟယ်... ဘယ်လိုလုပ်မလဲ..။ အင်္ကျီက ပါးပါးလေးကို.. ရွှဲကုန်ပြီ...'

တိမ်ပြိုတွေငိုတဲ့အခါWhere stories live. Discover now