Arc 1.2 အန်းရီချန်း

1.9K 222 14
                                    

Unicode

System:'Hostကို မူလကိုယ်နဲ့ သက်ဆိုင်တဲ့ မှတ်ဉာဏ်တွေ ကူးပြောင်းပေးပါ့မယ်'
သူမ ခေါင်းတစ်ချက်ညိမ့်လိုက်တယ်။ ပြီးတဲ့နောက်မှာတော့ သူမရဲ့ခေါင်းထဲကို ဝင်လာတဲ့ မှတ်ဉာဏ်အပိုင်းအစများစွာနဲ့ ရောပြွန်းနေတဲ့ မှတ်ဉာဏ်တွေကြောင့် ခေါင်းက အဆမတန် ကိုက်လာပြီး ဖြူရော်လာကာ ချွေးစတို့ နဖူးပြင်လေးမှာ တွဲလဲခိုလာခဲ့တယ်။ ခံစားရတဲ့ နာကျင်မှုကို ခံရသူသာ သိတယ်။ ဒါပေမယ့် ဒါဟာမပြောပလောက်တဲ့ နာကျင်မှုလေးပါပဲ။ သူမ၅မိနစ်လောက် ငြိမ်သက်ပြီးနောက် ဉီးနှောက်ကို အလုပ်မပေးတော့ပဲ သူမသိိလိုတာကိုသာ အန်အန်ကို မေးလိုက်တယ်'

'အန်အန် ငါရောက်နေတဲ့အချိန်က ဘယ်အချိန်လဲ'

System:'Hostရောက်ရှိချိန်က ဒုတိယဇာတ်လိုက်အန်းရီချန် ဇာတ်လိုက်လီယောင်းဟန်ရဲ့ ပထမနေရာကို ရယူပြီး တစ်ပတ်အကြာပါ'

'ဒါဖြင့် ဇာတ်လိုက်မ ပညာပြနေပြီပေါ့'
သူမရဲ့ အားနည်းနေသေးတဲ့ ကောင်ငယ်လေးကို ကာကွယ်ပေးရတော့မှာပေါ့။ သူမက ဒုတိယဇာတ်လိုက်လေး ဖက်တွယ်ဖို့ ရွှေပေါင်လုံးကြီး ဖြစ်ပေးရတော့မှာပေါ့။

System:'ပညာပြနေပါပြီ host'

သူမပျင်းရိလေးပင်စွာ ခေါင်းညိမ့်လိုက်တယ်။သူမ ဒီကိုယ်ထဲဝင်ရောက်လာကတည်း ယခုချိန်ထိ ပတ်ဝန်းကျင်ကို သတိမမူနိုင်ခဲ့ပါဘူး။ အိစက်နေတဲ့မွေ့ယာ ကုတင်ကြီးပေါ်တွင် လှဲလျောင်းရာမှ သူမ ထလိုက်တယ်။ ယခုမှ ကြည့်မိတယ်။ နွမ်ရှီအာက ပြီးပြည့်စုံစွာနေရတဲ့ မင်းသမီးလေးပါပဲ။

ဒါပေမယ့် သူမရဲ့ အခန်းကျယ်ကြီးဟာ ခြောက်ကပ်နေပြီး လိမ္မော်ရောင် မီးအိမ်နှင့်
မှိန်ဖျဖျ မီးဆိုင်းတွေသာ ရှိမနေရင် လူနေတဲ့အခန်း ဟုတ်ပါ့မလားတောင် တွေးထင်မိမယ်။ နွမ်ရှီအာရဲ့ အခန်းက အရင်ဘဝက သူမရဲ့အခန်းနှင့်ယှဉ်လျှင် ခြောက်ကပ်နေပြီး အထီးကျန်ဆန်လွန်းလှတယ်။ အထီးကျန်ဆန်နေပေမယ့်လဲ ခမ်းနားမှုတို့ကလဲ ရှိနေပြန်တယ်။

မိန်းကလေးတစ်ယောက်ရဲ့ အခန်းက ဘာလို့ ဒီလို အထီးကျန်ဆန် ခမ်းနားမှုတွေသာ ရှိနေရတာလဲ?
မိန်းကလေးတော်တော်များများက ပန်းရောင်အခန်းလေးတွေကို သဘောကျကြပြီး ချစ်စရာကောင်းတဲ့အခန်းလေးတွေ တောက်ပတဲ့ အခန်းလေးတွေကို သဘောကျကြတယ်။ နွမ်ရှီအာက တကယ်ကို ပုံမှန်မဟုတ်တဲ့ မိန်းကလေးပါပဲ။

ဒုတိယဇာတ်လိုက် အတွက် ရွှေပေါင်လုံးကြီးဖြစ်ပေးမယ်-(arc1) The Resurrection MissionWhere stories live. Discover now