Chapter - 30

7.8K 1.6K 200
                                    

''အင်း အင်း"
ရင်းချဲယ်က ဝတ်ကျေတန်းကျေတုံ့ပြန်၍ ကျစ်နေသည့်လက်ထဲကကြိုးပေါ်ကိုသာ အပြည့်အဝအာရုံစိုက်ထားလေသည်။

မီးခိုးအညိုရောင် ကြိုးရှည်ရှည်လေးတစ်ချောင်းကိုယူကာ ၀န်ထမ်းလေးရဲ့ညွှန်ကြားချက်အတိုင်း သုံးပိုင်းဖြတ်ကာ သုံးချောင်းခွဲလိုက်တယ်။ ကျစ်သည့်ဒီဇိုင်းမှာ ရိုးရှင်းသလို စတိုင်လည်းမိသည်၊ ယောက်ျားသား တစ်ယောက်ဝတ်ဖို့ အရမ်းကို သင့်တော်လိုက်ဖက်သည်။

''အင်း ဒီရှောင်တိတိလေးကျစ်ထားတာက အရမ်းကောင်းတယ်"
၀န်ထမ်းက ချီးကျူးသည်။ သူက ခေါင်းကိုလှည့်ကာနောက်တစ်ယောက်ကို ကြည့်လိုက်သည်။
''ဒီဘက်ကတိတိကရော ကျစ်ထားတာ‌လေးပြပါဦး....ဟမ်....''

ကျန့်ယောင်လက်ထဲမှ ကြိုးနီလေးက အရှေ့ပိုင်းတစ်ဝက်မှာ ရှုပ်ပွနေအောင်ကျစ်ထားပြီး ကြိုးအမျှင်တွေမှာလည်း အထုံးလိုမျိုးတွန့်လိမ်နေသည်၊ နောက်ပိုင်းတစ်ဝက်သည်တော့ လုံးဝကိုပြီးကပစ်၊ မုန့်ကြိုးလိမ်လိုလျှောက်လိမ်ထားခြင်း။

''ပထမတစ်ပိုင်းကတော့ အရမ်းဆိုးတယ် ဒုတိယပိုင်းကတော့ အဆင်ပြေတယ် ဟုတ်တယ်ဟုတ်?"
ကျန့်ယောင်က သူ့ကိုယ်သူယုံကြည်မှုတွေပြည့်ဝလျက်။
''ကျွန်တော်က ကျွန်တော့် mei meiရဲ့ဆံပင်ကို ခနတိုင်းကျစ်ပေးနေကျလေ၊ ဘာရယ်မဟုတ်ပဲ ကျွန်တော့ ဖုတ်မြီးကျစ်စကေးက မြင့်နေတော့တာပေါ့ဗျာ"

ကျောက်ချန်မှာ မျက်နှာကိုသာလက်နဲ့အုပ်ထားလိုက်သည်။

ယောင်ကောရေ ယောင်‌ကော meimeiက ဆယ်နှစ်ပြည့်ပြီးကတည်းက ကောကို ဆံပင်မကျစ်ခိုင်းတော့တာကို ဘာကြောင့်ဆိုတာမသိတာများလား.....

၀န်ထမ်လေးက ကို့ရို့ကားရားနှင့် ရယ်ရင်း
''အာ.ဟားဟား....ဒါပေါ့ဗျာ..''

လက်ပတ်ကြိုးလေးကျစ်ပြီးသည့်နောက်တော့ ဒကာခံမယ်ပြောတဲ့ကျောက်ချန်ကပဲ သုံးယောက်စာပစ္စည်းဖိုးတွေ ရှင်းပေးရတော့သည်။ အပြန်တွင် မကျေမနပ်ပြောတော့သည်။
''စျေးကြီးလိုက်တာဗျာ၊ ကြိုးလေးနည်းနည်းလေးကို ယွမ်၁၀၀ကျော်တဲ့၊ နောက်တစ်ခါ ကောတို့နှစ်ယောက်ကြိုးကျစ်ချင်တယ်ဆို ကျွန်တော့်အိမ်သာလာခဲ့၊ အဘွားရဲ့စက်ချုပ်ပစ္စည်းတွေ ကြိုးတွေအကုန်လိုချင်သလောက် သုံးခိုင်းမယ်''

Pay Attention To Me [Myanmar Translation]Where stories live. Discover now