Chapter....13

13.8K 832 42
                                    

အသက်ကသိပ်ကိုသနားဖို့ကောင်လေးတစ်ယောက်....သူစိတ်ထဲအတိတ်ကရခဲ့တဲ့ဒဏ်ရာတွေစိတ်ခံစားချက်တွေရဲ့ရိုက်နှက်မူကြောင့်သူကိုယ်သူတောင်လိင်ကျွန်ဘဝရောက်မှန်းမသိရောက်ခဲ့ရတဲ့...ပုံမှန်အသိစိတ်မရှိတဲ့ကလေးသာသာဘဝလေးမှာဘဲမှီတွယ်နေမိတဲ့ကောင်လေး....။

အသက်ကမချစ်တတ်ဘူးလားမေးရင်အသက်ကချစ်တတ်ပါတယ်ကလေးတယောက်ကိုရိုက်နှက်ပြီးစေခိုင်းရင်ငိုယိုပြီးလုပ်ရတဲ့အသက်ဟာ...သူ့အပေါ်ကြင်နာစွာဆက်ဆံတဲ့သူတွေကိုတော့သွားတတ်ကလေးတွေပေါ်တဲ့ထိပြုံးပြတတ်တယ်...။

နာကျင်လို့ငိုယိုပြီးချိန်မှာ...ဗိုက်ဝဖို့အတွက်ထမင်းတစ်လုပ်ကိုအငမ်းမရစားနေချိန်မှာတောင်အသက်ဟာ...ဟင်းကောင်းကောင်းနဲ့စားရရင်ကောင်းမှာဘဲလို့...ကလေးအတွေးလေးတွေးနေတတ်တယ်...။

သူကိုလိင်ကျွန်အဖြစ်လာမရှာကြတဲ့နေ့တွေဆို...အသက်ကသူ့ကိုခိုင်းစေတဲ့လင်မယားရဲ့ဆူငေါက်မူနဲ့မထင်ရင်ရိုက်နှက်မူတွေကြောင့်
သူနာကျင်ရရင်တောင်...သူဆီကိုလူတွေလာပါစေလို့ဆုတောင်းမိတယ်...အသက်ဆိုတဲ့ကောင်လေးက...ခရေပန်းလေးလိုပါဘဲ...။

သူကိုရိုက်နှက်မလားလို့မျက်ရည်ဝိုင်းလေးနဲ့မော့ကြည့်ရင်းငိုမဲ့မဲ့ဖြစ်နေပေမဲ့...ဦးပြန်လာရင်ဆိုတဲ့အသိကြောင့်အသက်ကတင်းခံထားလေသည်...။

"သူရ...ဟိုကောင်လေးကရေခဲမုန့်စားချင်လို့တဲ့...သွားဝယ်ပေးလိုက်ပါလား...သွန်းကသူကြိုက်တဲ့အမျိုးအစားမသိလို့...."

အခုတင်သူကိုပါးရိုက်ပြီးမျက်နှာပြုံးပြီးလာဖြီးနေတဲ့...သွန်းနဒီကို...သူရလုံးဝကြည့်၍ပင်မရချေ...။

"ကျွန်တော်အသက်ကိုအရင်မေးကြည့်မယ်..
သူတကယ်စားချင်တာလားဆိုတာ..."

အသက်ရှိတဲ့အခန်းထဲသို့ဝင်မည်အပြုသွန်းနဒီက....အခန်းဝကနေပိတ်ရပ်ထားလိုက်ပြီး...

"ဒီမှာနင်ကငါ့ကိုလိမ်တယ်ထင်နေတာလား
စကားကိုဆင်ခြင်ပြော...ငါကနင်ရဲ့မမလေးနော်...ငါလိုအဆင့်ရှိတဲ့သူကလိမ်မယ်လို့ထင်တယ်ပေါ့....လူပါးတော့လာမဝနဲ့.."

ကကြိုးရုပ်[ Complete ]Where stories live. Discover now