Part 32

1.2K 238 24
                                    

Unicode

"လူသားမဟုတ်လောက်ဘူး ?"

ဘခ်ဟျွန်းလေသံသည် အထိတ်တလန့်မဟုတ်၊ မမျှော်လင့်ထားသည့်ဟန်ဖြင့် အံ့ဩသွားရုံသာ။ ချန်းယောလ်ခေါင်းညိတ်ပြလိုက်သည်။

"မင်းအမေကလည်း ကြိုတင်ကာကွယ်မှုတွေ လုပ်ပေးခဲ့တာဆိုတော့ သူဒါတွေကို ဘယ်ကသိရတာလဲ ဆိုတာကလည်း တွေးစရာပဲ"

ဘခ်ဟျွန်းအနည်းငယ်ငြိမ်ကျသွားသည်။

"အမေက ငယ်ငယ်တည်းက အဲ့ဒီမျက်မမြင်ဖွားဖွားဆီက မကြာခဏသွားလေ့ရှိတာမို့ အဲ့ကနေသိရတယ်ထင်တာပဲ"

ထိုအချိန်မျိုးဆို ဘခ်ဟျွန်းပေါက်စလေးသည် အိမ်တွင်အမြဲတစ်ယောက်တည်းသာ ကျန်ခဲ့ရမြဲ။ ပြဿနာတော့မရှိပါချေ၊ သူ့ကို ငယ်ငယ်တည်းက တစ်ယောက်တည်းနေသားကျအောင် မားက အကျင့်လုပ်ပေးခဲ့ခြင်းကြောင့် ထူးထူးခြားခြား ခံစားချက်သိပ်မရှိ။

"မျက်မမြင်ဖွားဖွား ?"

ချန်းယောလ်မေးခွန်းထုတ်လာ၏။ ဘခ်ဟျွန်းခေါင်းသာ ခါပြမိသည်။

"ကျွန်တော်လည်းမသိဘူး ဟိုတလောက သွားကြည့်မိတော့ ဆုံးသွားပြီလို့ပဲ ကြားပြီး အဲ့ဒီဓားမြှောင်ကိုပေးခဲ့တာပဲ"

ထိုအဖွားသည် ဗေဒင်ဆရာမလည်းမဟုတ်သလို နတ်ကတော်လည်းမဟုတ်မှန်း သူ၏ ရိုးရှင်းနေသော ပျဥ်ထောင်အိမ်လေးကနေပင် ဘခ်ဟျွန်းသိသည်။ ငယ်ငယ်တည်းက မှတ်မိနေသည့်တစ်ချက်ကား ထိုအိမ်၏ ဟောင်းနွမ်းနေသော သုံးထပ်သားသစ်ရနံ့တို့နှင့် ခြောက်ခြောက်ကပ်ကပ် ပတ်ဝန်းကျင်ကိုသာ။ ဘခ်ဟျွန်းတစ်ယောက်တည်း သွားကြည့်တုန်းက သတိထားမိသလောက်ဆိုလျှင် ထိုအိမ်သည် ရပ်ရွာအတွင်းမှ ဖယ်ကျဥ်ထားခံ့ရပုံပေါ်သည်။ ထိုအိမ်ကိုလာရှာသော ဘခ်ဟျွန်းကိုပင် အထူးတဆန်းကြည့်ကြပုံများကို ယခုထိမှတ်မိနေသေးသည်မို့။

ဘခ်ဟျွန်းစကားကြောင့် ချန်းယောလ် ရုတ်ချည်းပြန်သတိရသွား၏။

ထိုနေ့က သူကိုယ်တိုင် ဘခ်ဟျွန်းနောက် လိုက်သွားခဲ့ခြင်း မဟုတ်ပေလား။ သတိပြုမိသည့်တစ်ချက်ကား ထိုနေရာသည် ချန်းယောလ်တို့ တောင်ခြေနှင့် အလွန်တရာမှ နီးစပ်သော နေရာတွင်ရှိသည် ဆိုသည်ကိုပင်။

The LOEYWhere stories live. Discover now