အပိုင်း၂၆

8K 654 86
                                    

   Unicode

အချိန်သည်ကား ည ၁၂နာရီပင်ထိုးချေပြီ ဖြစ်သည်။
ကျိုး အိမ်တော် တစ်ခုလုံးသည်လည်း အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်လျက်ရှိသည်။ထို အချိန်မှာပင် ကျိုးအိမ်တော်၏ စင်ဝင်ရှေ့အောက်တွင် ကားတစ်စီး ၏အသံတိတ် ရပ်နားသံ သည်းသည်းက မသိမသာ ထွက်ပေါ်လာခဲ့သည်။

ကျိုးယွင်သည် ကားထဲကနေ တည်ငြိမ်အေးစက်သည့် မျက်နှာထားဖြင့် ဆင်းလာခဲ့ပြီး စုန့်ကျီးကို သွားလို့ရပြီ ဟုဆိုသည့် ဟန်ဖြင့် အချက်ပြလိုက်ပြီး အိမ်တော်ထဲသို့ အမူရာမဲ့စွာဝင်လာခဲ့သည်။

သူ၏ ခြေလှမ်းများက ဧည့်ခန်းရှေ့သို့ ဖြတ်အလျှောက်တွင် သူ့ကို အလိုမကြသည့်ဟန်​ဖြင့်
ခနဲ့ လျက်ဆိုလာသည့် စကားသံသည်က သူ၏ နားအတွင်းသို့ အတိုင်းသားဝင်ရောက်လာခဲ့သည်။

" အဟွန့်...မင်း..ပြန်ရောက်လာခဲ့ပြီပဲ...."

ကျိုးယွင်လည်း သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သူမျှော်မှန်းမထားသည့် အသံပိုင်ရှင်ဖြစ်သည့် မိခင်ဖြစ်သူထံသို့သာ အသက်မပါစွာ ပြန်ကြည့်မိလိုက်သည်။

သူ မျှော်မှန်းမထားမိတာကလည်း သူ့အလွန်မဟုတ်ပေ။ ဘာကြောင့်ဆို သူ၏ မာတာမိခင်ကြီးသည် သူ့ကို ယခုကဲ့သို့ သူမဘက်မှ စတင်ပြီး စကားစပြောလာခဲ့သည်က ခပ်ရှားရှားပင်။ တစ်အိမ်ထဲတွင် မျက်နှာချင်းဆိုင် အမှတ်မထင် ဆုံမိလျှင်တောင်မှ သူဆိုတဲ့ ကျိုးယွင်က အိမ်က အလုပ်သမားများလောက်ပင် မိခင်ဆီက အကောင်းမြင်သည့် အကြည့်တစ်ချက်ကိုပင်မရရှိဘူးပေ။

ယခုလို မိခင်ဘက်က စကားစပြောလာသည့်အတွက်ကြောင့် မည်သို့ပင် ဖြစ်နေပါစေ...
သူရဲ့ မသိစိတ်တစ်နေရာက အနည်းငယ်မျှတော့ ပျော်ရွှင်မှု ရေးတေးတေးမျှ ခံစား နေမိသေးသည်။သို့ပေမဲ့ ထိုပျော်ရွှင်မှုက အခိုက်အတန့် တစ်ခုစာမျှသာ။ ကျိုးယွင်ဆိုသည့် သူ့အတွက် သူမရဲ့ မိခင်မေတ္တာက ရရှိလာမှာမှမဟုတ်ဘဲ...
သူ၏ မိခင်ကို သူနားမလည်ပေမဲ့ သူမကတော့ သူ့ကိုအပြည့်အဝ နားလည်သည့် သူတစ်ယောက်ဖြစ်ပုံရသည်။

သူယခု အချိန်ထိ ကြားချင်သေးသည့် သားဆိုသည့် အခေါ်အဝေါ်ကလေးတစ်ခွန်းကိုတောင် သူတစ်ယောက်တည်း၏အရှေ့တွင် မုသားသုံးပြီး ယခုထိတိုင်အောင် စကားမဟလာဖူးသေးပါချေ။သူသည် အမေ့ကို မည်သည့် အချိန်မှ နားလည်လာနိုင်လိမ့်မည်မှန်း သူမသိပါ။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now