အခန်း (၄၇)

3K 367 9
                                    

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

အခန်း (၄၇)

TRANSLATOR - SHARR

--------------------

တစ်မှေးအိပ်ပြီးနောက် ဘုရင်မင်းမြတ်၏ ရည်ရွယ်ချက်ကို ရန်ရှီးနဥ် တွေးနေမိသည်။

"ဖေ့ကျင်း အရှင်မင်းကြီး ကျွန်မကို အဆိပ်ခတ်ခဲ့သလား မသေချာဘူး" ရန်ရှီးနဥ်က ပြောလိုက်သည်။

"ဘာလို့လဲ" ဖေ့ကျင်း မေးလိုက်၏။

"အရှင်မင်းကြီးက ကျွန်မကို အဆိပ်ခတ်ရတဲ့ ရည်ရွယ်ချက်
ကို မသိဘူးလေ" ရန်ရှီးနဥ်က ပြောလိုက်သည်။

အစောပိုင်းကတည်းက ဖေ့ကျင်း၏ ဦးခေါင်းနှင့် နှလုံးသားက ရှုပ်ထွေးနေသည်။ ရန်ရှီးနဥ်၏ အတွေးများက သူ့ကို သူ့ခမည်းတော်က ရန်ရှီးနဥ် ဘာကြောင့် အဆိပ်ခတ်ရလဲဆိုတာ တွေးဖို့ မေ့နေသည်ကို သတိပေးသလို ဖြစ်သွားသည်။

ဖေ့ကျင်းနှင့် ရန်ရှီးနဥ်တို့၏ မျက်ဝန်းများက တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း တောက်ပသွားကြသည်။

"ရှီးနဥ် အဲ့ဒီ့လူလုပ်တာလို့ ထင်လား" ဖေ့ကျင်းက မေးလိုက်၏။

ရန်ရှီးနဥ် ခေါင်းညိတ်လိုက်သည်။

"အဲ့ဒီလူက မင်းသမီးခန်းဟွာကို အသုံးချပြီး ကျွန်မကို သတ်ဖို့ မျှော်လင့်ထားတာ ဖြစ်နိုင်တယ်၊ ဒါ့အပြင် မင်းသမီးခန်းဟွာကမစောင့်နိုင်ဘဲ ကျွန်မ နန်းမြို့တော်ကို ရောက်ရောက်ချင်း အဆိပ်ခတ်လိမ့်မယ်လို့ သူက မျှော်လင့်ထားတာ"

"အရင်တုန်းက ပေ့သိုနဲ့ ကိုယ်လည်း ရှင်မနဲ့ အတွေးအတူတူပဲ" ဖေ့ကျင်းက မေးလိုက်သည်။ "ပြီးတော့ သံသယဖြစ်ခံရတာကို ရှောင်လွှဲဖို့ သူ(မ)က မင်းကို ရန်အိမ်တော်အပြင်ဘက်မှာ သေစေချင်နေတာလို့ ကိုယ်တို့ တွေးခဲ့ကြတာ၊ ဒါပေမယ့် အခု ပြန်စဥ်းစားကြည့်ရင် အဲ့ဒီယူဆချက်က မှားနေတယ်" 

မင်းသမီးခန်းဟွာ သူမကို ရက်ရက်စက်စက် ဓားနှင့်ထိုးခဲ့သည်ကို ပြန်သတိရသွားပြီး ရန်ရှီးနဥ်၏ရင်ဘတ်က နာကျင်လာသည်။ မင်းသမီးခန်းဟွာ အသက်ရှင်နေသေးလား သူမ သိချင်သည်။

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now