ဘဝထဲက အရံလူလေးတွေ ဖြစ်ခဲ့ဖူးလား...။
ကေသီ.. တံခါးကို မသိမသာတွန်းဖွင့်လိုက်တော့.. အာသာက ကေသီမဟုတ်တဲ့ တခြားတစ်ယောက်နဲ့ ပြုံးရွှင်စွာ စကားပြောနေသည်။ ဟန်နီချိုက ကေသီကိုမြင်တော့.. မခံချင်အောင်ပြုံးပြကာ မျက်နှာလွှဲသွားသည်။ ကေသီက တံခါးကို အသာပြန်စေ့ကာ ပြန်လှည့်လာသည်။
တကယ်တော့.. ကိုယ်က ဘာမှမသက်ဆိုင်တဲ့ လူတစ်ယောက်ပါဘဲ.. ဆိုတာကို သိလျက်နဲ့.. ကိုယ်ဘာကို မျှော်လင့်နေခဲ့မိပါလိမ့်...။
ကေသီ.. အတတ်နိုင်ဆုံးပြုံးကာ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေလိုက်သည်။ မကြာခင် ဟန်နီချိုက ထွက်လာပြီး.. ကေသီ့စားပွဲကို လာခေါက်သည်။
' ဒီမှာ... စကားလေး နည်းနည်းပြောရအောင်...'
ကေသီက ဘာမှပြန်မပြောဘဲ သူမနောက် လိုက်သွားသည်။ ဟန်နီချိုက နားနေခန်းတစ်ခုထဲ ခေါ်သွားသည်။
' ဘာကိစ္စရှိလို့လဲ မသိဘူး...'
' ဟိုတစ်နေ့က အာသာ့အမေနဲ့ တွေ့ပြီးပြီ..။ တို့နှစ်ယောက်ကို စေ့စပ်ပေးမယ်လို့ပြောတယ်...'
ကေသီက ဘာမှမပြောဘဲ တိတ်ဆိတ်နေသည်။
' ဟိုတစ်ခေါက်ကကိစ္စကို တာဝန်ယူပြီး.. အလုပ်ထွက်ပေးပါ..။ မင်းကို တို့သဘောမကျဘူး...'
' ဘာ...'
ကေသီက ထောင်းခနဲဒေါသထွက်ကာ.. စူးရှသောအကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။
' တစ်ယောက်ကိုတစ်ယောက်.. ချစ်ကြရဲ့လား...'
' အို... ကြာရင် ချစ်သွားမှာပေါ့...'
' အဟင်း...'
ကေသီက တစ်ချက်ရယ်ကာ ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး..
' အချိန်ကြာတိုင်း ချစ်သွားတာမှန်ရင်.. ကျွန်မနဲ့ အရင်ညားသွားပြီ...'
ဟန်နီချိုက ကေသီ့ဘက်ကို ချာခနဲလှည့်လိုက်ပြီး..
' မပြောသင့်တာတွေ မပြောပါနဲ့...။ အာသာ အခုအခြေအနေထိ ရောက်လာတာ.. တို့ရဲ့ပံ့ပိုးမှုတွေကြောင့်လေ..။ အဲ့တာကြောင့်.. တို့ကိုဘဲ ရွေးချယ်ရမှာ...'
YOU ARE READING
တိမ်ပြိုတွေငိုတဲ့အခါ
Romance( Zawgyi & Unicode ) သူကအမြဲထွက်ပြေးနေတာ.....၊ အတိတ်တွေဆီကနေ....၊အိပ်မက်ဆိုးတွေဆီကနေ...၊ နောက်ပြီး ကိုယ့်ဆီကနေ....။ ဒါပေမဲ့လည်းပေါ့.....သူဘယ်လောက်ရှောင်ပြေးနိုင်မှာမို့လဲ...၊ သူကိုယ့်နဲ့ဝေးရာကို ဘယ်လောက်ပြေးပြေး ၊ အို....ကမ္ဘာကြီးလုံးနေသရွေ့တော့ ကို...