Ep-20🔞

28.2K 1.2K 82
                                    

Uni.....

" မောင် "

မင်းဉာဏ်နဲ့ ရှင်းသန့်နောင် ငြင်းခုန်နေရင်း ကောင်မလေး တစ်ယောက်က မောင်တဲ့.... သေချာတယ် အဲ့အသံဟာ ရှေ့မှာ ရှိတဲ့ ကောင်လေး တစ်ယောက်ကို ခေါ်လိုက်ခြင်းဖြစ်တယ်.....

နှစ်ယောက်သား လှည့်ကြည့်လိုက်တော့

" နှင်း ....... "

တစ်ချိန်က သိပ်ကို ရင်းနှီးခဲ့ကြတဲ့ သူစိမ်းတွေပေါ့.....

" နှင်း မောင့်ကို ပြောစရာရှိတယ် နှင်းနဲ့ ဆိုင်တစ်ဆိုင်မှာ "

မြူနှင်းစကားမဆုံးသေး....  ဖြတ်ပြောလိုက်တဲ့ ရှင်းသန့်နောင်...

" ကိုယ်တို့ ကြားမှာ ဘာပြောစရာရှိသေးလို့လဲ ? "

အတိတ်တုန်းက နှင်းမောင့် အပေါ် ဘယ်လောက်ထိရက်စက်ခဲ့လဲ မင်းအသိဆုံးနေမှာပါ မြူနှင်း....

" နှင်း....မောင့်ကို အခုထိ....မေ့မရသေးဘူး "

တချိန်က မင်းကို သိပ်ချစ်ခဲ့တဲ့ ရှင်းသန့်နောင်ဆိုတဲ့ ငတုံးကောင်က သေသွားပြီးမြူနှင်း.... မင်းမာယာတွေက  ကလေးဆန်တုန်းဘဲ...

" အချိန်က ကုစားသွားမှာပါ မြူနှင်း "

အေးစက်စက်နိုင်တဲ့ မောင့်စကားကြောင့် နှင်းဘာ​ဆက်ပြောရမှန်းမသိ....

" ဒါပေမဲ့ မောင်ရယ်.... နှင်းတို့ ချစ်ခဲ့ကြတဲ့ အချိန်တွေက အဲ့လောက်နဲ့ မေ့ဖျောက်ဖို့ လွယ်လို့လားကွယ်..."

သနားစရာ ဟန်ပန်ဖြင့် လုပ်ပြတော့....

" မေ့ဖျောက်ဖို့ မလွယ်ပေမဲ့  ကိုယ့်ဘဝနဲ့ ကိုယ် တစ်က စဖို့ အခွင့်အရေး ရသွားပြီလေ"

" မောင် တောင်ပြောင်းလဲသွားပြီဘဲ "

" ဟုတ်တယ်....  ဘဝကို အကောင်းဆုံးရှင်သန်ပြီး တစ်ချိန် ကရှင်းသန့်နောင်လို  သူများရဲ့ ကကြိုးရုပ်တော့ မဟုတ်တော့ဘူးပေါ့ "

"....... "

* မောင်လိမ်စမ်းပါ .... ဒါပေမဲ့ မောင်မျက်လုံးတွေထဲ ကျွန်မကို ချစ်နေတဲ့အရိပ်ယောင်တွေ မြင်နေရတယ်  ကျွန်မ မောင်ဆီပြန်လာချင်တယ် *

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now