💔18💔

43.3K 3.8K 1.3K
                                    

"ညကပြန်လာကြတာ အဆင်ပြေလာတဲ့ပုံပဲ
ရန်ဖြစ်သံမကြားရဘူး..
အကိုလေးလည်းနေပြန်ကောင်းနေတယ်...."

"အေးအေး...အခြေအနေကိုထိန်းထားရမယ်
မနက်စာကို နှစ်ယောက်စလုံးအကြိုက်တွေ့မယ့်
ဟာကိုပြင်ထား....."

"ဟုတ်ကဲ့....."

"သူတို့ရန်ဖြစ်ရင် သိပ်အနေကျပ်ရတယ်
ကြိုးစားပီး စိတ်အနှောက်အယှက်မဖြစ်အောင်...."

ဒုန်းးးးးးဒုန်းးးး

အိမ်တော်ထိန်းဦးလေးကြီး၏စကားမဆုံး
သေးသောအချိန်တွင်ပြင်းထန်သောခြေသံတွေဖြင့်
လှေကားပေါ်မှပြေးဆင်းလာသောအသံများ
ကြားလိုက်ရသည်။

"ဘာဖြစ်နေတာလဲ!!!!ငါ့အလုပ်ကိုငါသွားမှာပဲ..."

"မသွားရဘူးလို့ ကျွန်းမှာထဲကပြောပီးပီ
ခင်ဗျား နားမလည်ဘူးလား...."

Jimin သည်မနက်စောစောCompany
သွားဖို့ဝတ်စုံပြည့်ဖြင့်ပြင်ဆင်ကာရုံးပြေးတက်ဖို့
ရည်ရွယ်သည်။JeonJungkook သည်နေ့လည်
လောက်မှအိပ်ယာထသူမို့သူ့ကိုနှောက်ယှက်မှာ
မဟုတ်။သိပ်ခေါင်းထဲမထည့်စွာအခန်းထဲက
ထွက်လာပေမယ့် ထိုလူဆိုးကအိပ်ယာနိုးနေကာ
အပေါ်အောက်တရောင်စီဝတ်ထားသော
ညဝတ်အကျီဖရိုဖရဲဖြင့်ပြသနာစရှာပြီ။

"လူဆိုတာ အလုပ်ရှိမှအဓိပ္ပာယ်ရှိတာ
မင်းလိုအနာဂါတ်ပျောက်နေတဲ့ကောင်က
ဒါတွေပြောလည်းနားလည်မှာမဟုတ်ဘူး
ငါ့ဘဝဒီထက်မြင့်မားဖို့ငါကြိုးစားရမယ်
ငါ့အမေကျန်းမာရေးအတွက်ငါပိုက်ဆံရှိမှဖြစ်မယ်.."

"ကျတော်မသွားရဘူးဆို စည်းကမ်းချထား
ရင်မသွားရဘူးဘဲ...ParkJimin..."

"သေလိုက်ပါလား...
မင်းထားရာနေစေရာသွားရအောင်
အရုပ်မဟုတ်ဘူး....."

ရုပ်ရှင်ဇာတ်ကားတွေထဲကလိုခရီးလေးတခု
အတူတူသွားကာ ဘာပဲပြောပြော
လှလှပပလေးတွေခံစားခဲ့ရတော့အပြန်ခရီးရော
အိမ်ရောက်တဲ့အထိရောဟုတ်သလိုလိုရှိခဲ့ပေမယ့်
မိုးလင်းတဲ့အခါအရင်အတိုင်းပါပဲ။

ကျွန်းမှာ....ဘာတွေလုပ်ခဲ့လုပ်ခဲ့
ဘယ်လောက်အသဲအမဲတွေထိတွေ့ခဲ့.ထိတွေ့ခဲ့
မောင်တို့ရဲ့ အနိုင်လိုချင်မှု ဘက်တွေပြိုင်လာတဲ့အခါ
နမ်းခဲ့တာတွေ အတူတူအိပ်ခဲ့တာတွေကတကန့်ပဲ...။

မောင်Where stories live. Discover now