မျက်လုံးဖွင့်ဖွင့်ခြင်း ကိုကိုးမျက်နှာလေးမြင်ရမယ်ထင်ထားပေမယ့် ဘေးမှာနေရာယူထားတာက ဖက်လုံးတစ်လုံးသာ ။
" ကိုကိုးကလဲ အတူတူ မရှိပေးဘူး "
ခြုံထားတဲ့စောင်ကိုဖယ်ပြီး ကုတင်ပေါ်က ဆင်းမည်ပြုစဉ် တစ်ခုသတိထားမိလိုက်သည် ။
" အားးး ကုတင်က အိ နေတာပဲ ကျုပ် တစ်ညလုံး ဒီမှာ အိပ်ခဲ့တာပဲ ညက ကိုကိုးကြောင့် သတိမထားမိတာ "
ပါးစပ်ကလဲပြော ခန္ဓာကိုယ်ကလဲ မွေ့ယာပေါ်မှာ ကြွလိုက် ထိုက်လိုက် လုပ်ပြီး ဆော့နေသေးသည် ။ နောက်ပြီးမှ အောက်ထပ်ကို ဆင်းလာတော့ လှေကားပေါ်က ရတဲ့ အနံ့မွှေးမွှေး ။
အထွန်း မျက်လုံးနှစ်ဖက်လုံးကို ပွတ်ပြီး လမ်းလျှောက်နေချိန်
" အမလေး ဖလမ စပကြီး "
" ဂျစ်တူးရယ် ရှေ့ကိုကြည့်ပြီးလျှောက်လေ ကိုယ်လာတာတောင် မတွေ့ဘူး "
" ကိုကိုးကလဲ ကျုပ်က မျက်လုံးကို ပွတ်နေတာ ကိုကိုးက ရှောင်ပါလားလို့ "
" အမလေး ဟုတ်ပါပြီဗျာ ကိုယ့်အမှားပါ "
" ဟီးး "
ကိုကိုးက ကိုယ်လေးကိုင်းပြီး အထွန်းမျက်နှာလေးနားကပ်ကာ
" မျက်နှာလဲ မသစ်ရသေးဘူး "
" အာ ဟုတ်သားပဲ ကျုပ် မျက်နှာသွားသစ်ဦးမယ် "
ပါးလေးနှစ်ဖက်ကို လက်နဲ့အုပ်ကာ အော်ပြီး အပေါ်ပြန်ပြေးတက်သွားတဲ့ ဂျစ်တူး ။ ဘဝရဲ့လက်ကျန်အချိန်တွေကို ဒီလိုအခိုက်အတန့်လေးတွေနဲ့ပဲ ကုန်ဆုံးချင်ပါတယ် ။
မဟာလဲ မီးဖိုချောင်ထဲပြန်ဝင်ပြီး ဝက်ပေါက်ခြောက်ကြော်နဲ့စားရန် ပေါင်မုန့် ၊ ကြက်ဥ တို့ကိုပြင်ဆင်နေလိုက်သည် ။
" အိမ်ရှင်မကြီးပေါ့လေ "
အသံကြားလို့ လှည့်ကြည့်တော့ သော် ။
" အင်း နိုးပြီလား ဟိုကောင်တွေရော မနိုးသေးရင် နှိုးလိုက်ပါဦး "
" လာမှာပါ "
" နွားနို့လား ကော်ဖီလား "
" ငါ နွားနို့သောက်တာ မြင်ဖူးမိလို့လား "