Part(3)

5.1K 163 1
                                    

Unicode+ Zawgyi

❣️ဦး ဖန် တီး သော အ ချစ် သ င်္ကေ တ❣️

                    💫Season 2💫

                     💫Part (3)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

"အဟွန်း ဒါဆို ငါ့အကြောင်း တစ်ခွန်းမှမဟဘူးပေါ့ "

"အစ်ကို့အကြောင်းက မေးစရာမှမလိုတာ...
သတင်းတွေမှာ တွေ့နေရတာပဲ "

ခြင်းရဲ့ဘုဘောက်ဖြေသံကြောင့် သူ့ ခြင်းကို လက်ထဲမှာကိုင်ထားသည့်ဘောပင်နဲ့ကောက်ပေါက်သည်။

"အစ်ကိုကမနေနိုင်ရင်သွားတွေ့ပါလား ဘာလို့ကျွန်တော်နဲ့ပဲလွှတ်ရတာလဲ ရာရာလည်းအစ်ကို့ကိုတွေ့ချင်မှာပဲ"

"မင်း စကားအရမ်းများတာပဲ "

"ဟူးး မနိုင်တော့ဘူး လွှတ်ထားလိုက်ပြီ "

"ဒုဥက္ကဌ "

"ဟုတ်ကဲ့ပါ ဥက္ကဌ "

သူ့က လုပ်ငန်းခွင်ရာထူးကိုခေါ်လိုက်၍ ခြင်းပြုံးစစမျက်နှာကနေ တည်သွားသည်။

အရင်နှစ်က သူ့ LS groupရဲ့ တရားဝင်အမွေဆက်ခံခွင့်ရခဲ့ပြီး ဥက္ကဌဖြစ်လာသည်။ ခြင်းကတော့ ဒုဥက္ကဌရာထူးတိုးခံလိုက်ရသည်။

"ရာရာ အလုပ်လျှောက်နေဆဲလား "

"ဟုတ်ကဲ့ အခုတော့ ငြိမ်နေတယ် "

"အင်းးး သူအလုပ်လျှောက်ရင် အရင်တိုင်းပဲ‌ဆက်လုပ်နေ "

ရာရာအလုပ်မရအောင် နောက်ကနေ ကိုင်တွယ်နေသည့်သူက ဦးသူ့ဖြစ်ပါသည်။ ဒါကိုရာရာသိရင် စိတ်တိုမည်မှာမလွဲပေ။

"ဒီလိုလိုက်ပိတ်နေမဲ့အစား ရာရာအလုပ်လုပ်လို့ရတဲ့နေရာက LS groupပဲရှိတယ်လို့ပြောလိုက်ပါလား "

"မင်းသူငယ်ချင်းလားလက်ခံမှာ...ယောက်ျား‌တစ်ယောက်လုံးကို သူများလက်ထဲထည့်ခဲ့ပြီး ပုန်းနေတဲ့သူက အရင်ယောက်ျားရဲ့ကုမ္ပဏီမှာ ထပ်ပြီးအလုပ်လုပ်ပါ့မလား "

"ဟုတ်တယ် မျက်နှာပူရမှာပေါ့ "

"ခြားနားခြင်း မင်း ဘယ်လိုIQနဲ့ဘွဲ့ရခဲ့တာလဲ တုံးလိုက်တာ "

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 2)[Completed]Where stories live. Discover now