Part(5)

4.8K 152 5
                                    

Unicode+Zawgyi

❣️ဦး ဖန် တီး သော အ ချစ် သ င်္ကေ တ❣️

                💫Season 2💫

                  💫Part (5)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

LS groupပိုင် ဟိုတယ်ဝင်း...

ထိုဟိုတယ်ထဲကိုခြေချလိုက်သည်နှင့် ရာရာ့အတွေးတွေက အရင်က နှိုင်းနဲ့အတူအလုပ်လုပ်ခဲ့ရသည်မှစ၍ ဦးသူ့နဲ့လက်ထပ်ခဲ့ရသည်အထိ အစအဆုံး နာကျင်ခြင်း၊ဝမ်းနည်းခြင်း၊ဝမ်းသာခြင်း၊ပျော်ရွှင်ခြင်းတို့ရောယှက်ခံစားခဲ့ရသည့် အဖြစ်ကို ပြန်မြင်ယောင်လာရသည်။

ထိုခံစားချက်နှင့်အတူ အသစ်ပြန်စရမည့် အခြေအနေတစ်ခုအတွက် ရာရာသက်ပြင်းချမိသည်။

LS group...ရာရာ့ခင်ပွန်းဟောင်းရဲ့လုပ်ငန်းစုမှာ အလုပ်လုပ်ရမည်ဆိုတော့ ရာရာရင်ဆိုင်ရမည့်အရာကအများကြီး။ ဝန်ထမ်းတွေရဲ့ဝေဖန်မှု အတင်းအဖျင်းတွေကို နားနဲ့မဆံ့အောင်ကြားရ‌တော့မည်။ ဒါတောင် ဝန်ထမ်းအားလုံး ရာရာကိုမသိသေးပါ။ သိများသိကြရင် ဟိုတယ်ထဲခြေချမိတာနဲ့ ရာရာနေစရာနေရာပင်ရှိမှာမဟုတ်။

"မမလေး..."

မန်နေဂျာဖြစ်သူ ကောင်းနဲ့ ကောင်းရဲ့လက်ထောက်ဖြစ်သူ ရတီက ရာရာ့ကိုတွေ့သည်နှင့် အနားကိုချက်ချင်းပြေးလာသည်။

"မမလေးလို့ခေါ်စရာမလိုပါဘူး ဒီတိုင်းရာရာလို့ခေါ်လည်းရတယ်"

"ဟင် မခေါ်ရဲပါဘူး မမလေးရဲ့ အစ်ကိုလေး.အဲ ဥက္ကဌက ဆူလိမ့်မယ် "

"မဆူပါဘူး ရတီရယ် ရာရာနဲ့ဦးသူ့ကဘာမှမဆိုင်တော့ဘူးလေ "

"ဟင့်အင်း ဦးသူနဲ့မဆိုင်ပေမဲ့ မှိုင်းနဲ့နေ့ရဲ့အမေမလို့ မမလေးလို့ပဲ ခေါ်မှာပါ "

"အဟင်း ရတီ့သဘောပါ ဒါပေမဲ့ ဝန်ထမ်းတွေရှေ့မှာတော့ မခေါ်ပါနဲ့ "

"ဟုတ်ကဲ့ပါ မမလေးရဲ့ "

"ရတီ စကားများတာလျှော့ မမလေးကို ဥက္ကဌဆီခေါ်သွားရဦးမယ် "

"ဟုတ်သားပဲ ဟီး...လာမမလေး ဒီဘက်..."

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 2)[Completed]Where stories live. Discover now