အပိုင်း { ၃ }

32.5K 3.8K 340
                                    

               >>>>> [ Unicode ] <<<<<

သုံးရက်မြောက်နေ့တွင် ၊

လွင်မိုး အလုပ်မအားတာကြောင့် မနေ့ကပဲရန်ကုန်သို့ပြန်သွားတာကြောင့် ခွန်စိုင်းတစ်ယောက်ပဲကျန်သည်။ ဦးကြီးဟာ ခွန်စိုင်း လုံဝမ်ရွာခရီးသွားဖို့အတွက် ပြင်ဆင်ပေးပြီးပြီလို့ပြောလာတာကြောင့် ဒီနေ့ဟာ ခွန်စိုင်း လုံဝမ်ရွာဘက်သွားမယ့်နေ့မို့ လိုအပ်တဲ့အသုံးအဆောင်တော့ကို BOX နဲ့မသယ်ယူတော့ပဲ ခရီးသွားတိုင်းယူသွားလေ့ရှိတဲ့ ကျောပိုးအိတ်အရှည်ထဲကိုသာ သေချာစစ်ဆေးပြီးထည့်လိုက်သည်။

" ကူးရယ် ... ဗျို့ ကူးရယ်"

" ဝေ့ ငပု လာလေတတ်ခဲ့ ၊ ငါတို့ မင့်စောင့်နေကြတာရော် "

အိမ်ရှေ့မှာ တောင်တတ်ဆိုင်ကယ်ကြီးရပ်ကာ ဦးကြီးနာမည်ကိုခေါ်၍ အိမ်ထဲဝင်လာတဲ့ ခပ်ထွားထွားလူတစ်ယောက် ၊ အသားအနည်းငယ်မဲပြီး ဝဝဖိုက်ဖိုက်ခန္ဓာကိုယ်ရှိပြီး၊ ခါးစည်းကြိုးဘောင်းဘီအနက်ရောင်နဲ့ အဖြူနဲ့အနက်ရောင်ရောစပ်ထားတဲ့အကျီရင်ကွဲဝတ်ဆင်ထားတဲ့လူကိုကြည့်ခြင်းအားဖြင့် ထိုလူက ဒီခရီးစဥ်မှာ ခွန်စိုင်းကိုလိုက်ပို့မည့်သူဖြစ်မည် ။

" ကဲ အကြမ်းရေ သောက်ဦးနော့၊ လူလေးကခုမှပြင်ဆင်တုန်းလေး "

" ရတယ် ရတယ် ကျုပ်စောင့်နိုင်တယ်၊ ဒါနဲ့ ကူးရယ် ကျုပ်မေးချင်တာရှိတယ်ရော် "

" ဘာများတုန်းကွ "

" အမှန်ပြော ကျုပ် ဦးဆောင်သူနယ်မြေကိုမလိုက်ရဲဘူးဗျ၊ ကျုပ်ကကူးရယ်တောင်းဆိုလို့သာနော့၊ ကူးရယ်လဲသိသားနဲ့ ဦးဆောင်သူ က အခုနောက်ပိုင်းပိုကြမ်းလာတယ်လေးး"

ဦးကြီး ဟာ လက်ထဲကဆေးရွက်ကြမ်းဆေးလိပ်ကိုမီးတရှိုက်ဖွားရင်း တပ်သားငယ်ပြောတာကိုခေါင်းညှိမ့်၍ထောက်ခံနေသည်။

" ကျုပ်လဲသိတယ်ရော်၊ ဒါပေမယ့်လူလေးကစိတ်အားထက်သန်နေတယ်လေး၊အဆင်ပြေမှာပါကျုပ် အဖ ကိုစာပေထည့်ပြီးရေးပေးလိုက်မယ်ရော် "

" ကောင်းဗျာ ကူးရယ်တို့အဆင်ပြေရင်တော့ပြီးတာပဲနော့၊ ကျုပ်က ဦးဆောင်သူရွာစွန်ထိပဲပို့နိုင်လိမ့်မယ်နော့"

Saw Nay Say's Travel Blogger [ Completed ]Where stories live. Discover now