PART [5.16]

8.1K 431 6
                                    

Umicode
💚✴💚✴💚

" ဦးရီးတော် ကြင်ယာတော်ဝမ် အဆောင်တော်မှာမရှိတော့ပါဘူး
အိမ်တော်အနှံ့လိုက်ရခဲ့ပြီးပါပြီ ဒါပေမယ့်
ရှာမတွေ့ ကျွန်တော်လင်းရှောက်ဖန် လာလျှောက်တင်တာပါ "

ပုလမြိုင်နန်းအထိ ပြာပြာသလဲ စိုးရိမ်ကြီးစွာ လင်းရှောက်ဖန်တစ်ယောက် လာရောက်လျှောက်တင်လေပြီ။
ချက်ချင်းဆိုသလို ခက်ထန်သွားသော ပိုင်ထင်းရိမျက်နှာကို မကြည့်ဝံ့တော့ပြီ။
ညက အရှိန်ကြောင့် ဒီမနက် အိပ်ယာနိုးနောက်ကျခဲ့တာကြောင့် ကြင်ယာဝမ်အဆောင်တော်ကို သွားတော့ကြင်ယာတော်ဝမ်ကို မတွေ့တော့ကြောင်း.အစေခံမိန်းကလေးများ ပြောမှသာသိခွင့်ရခဲ့သည်။

" စစ်ဗိုလ်ကြီးလင်း  ကြင်ယာတော်ဝမ်ကို တိတ်တဆိတ်ရှာဖွေပါ အပြင်ပေါက်ကြားသွားရင် ကြင်ယာတော်ဝမ်တွက် အသက်အန္တာရယ်စိုးရတာမို့
စိတ်ချရတဲ့ လူတစ်ချို့ကိုခေါ်ပြီး အမြန်ရှာဖွေခဲ့ပါ "

" နားလည်ပါပြီ ဝမ်ရယ် "

လင်းရှောက်ဖန်ထွက်သွားတာနဲ့ လင်းရှောက်ဖန်နှင့်အတူ မြို့ထဲသို့ ဝမ်ရှိုးယွဲ့ရှာပုံတော်ထွက်လာခဲ့ကြသည်။

စည်ကားသိုက်မြိုက်လှသော ဈေးသွားဈေးလာများနှင့်
မိန်းမလှလေးများ အထက်လွှာပိုက်ဆံရှိ သခင်လေးများနှင့် ခြိမ့်ခြိမ့်သဲ  ပွဲစည်နေသည့် လောင်းကစားပွဲကို သာယာညိမ့်ညောင်းလှပသည့် မင်အန်းဆောင်ကြာမြိုင်၏ အပေါ်မှ ရွှေရောင်ယပ်တောင်တစ်ချောင်းကို တစ်ဖျတ်ဖျတ်မြည်အောင်ခတ်ရင်း ကြည့်နေသော
နှုတ်ခမ်းပေါ်မှာ မှည့်အနက်ကြီးနှင့် အမျိုးသမီးတစ်ဦးရှိနေလေသည်။

ထိုအမျိုးသမီးရှိရာ စားပွဲဝိုင်းသို့ ခန္ဓာကိုယ်ခပ်ထွားထွား အသားအရည်ကြည်လင်သော်လည်း ညိုညိုတိုတိုနှင့် မျက်ခုံးမျက်လုံး မည်းနက်တောက်ပပြီး လေ့ကျင့်ခန်းသို့မဟုတ် ကာယအလုပ်ကိုတော်တော်လေးလုပ်ကိုင်ထားပုံရသည်။ ကြည့်ကောင်းသည်။
ယောက်ျားပီသည်။
ထိုအမျိုးသားနှစ်ဦး၏နောက်တွင် မိန်းမဆန်သည့်အလှတရားနှင့် ရင့်ကျက်တည်ကြည့်ပုံပေါ်သည့် အမျိုးသမီးတစ်ဦး။
သူမမျက်လုံးတွေကတော့ အငြိမ်မနေ။ ဟိုကြည့်ဒီကြည့်နှင့် ဆိုင်အခြေနေကို အကဲခတ်နေသည်။.လူတစ်ယောက်ကိုရှာနေသည်။

  Vîllïañ's Wïšĥ ~ Arc[2]💜[3]💜[4]💜[5]Where stories live. Discover now