Chapter(288) - သူ့ကိုအသိအမှတ်ပြုမှာမဟုတ်ဘူး

3.4K 865 141
                                    

Unicode

အခန်း(၂၈၈) - သူ့ကိုအသိအမှတ်ပြုမှာမဟုတ်ဘူး

မဟာအကြီးအကဲဟွိုင်ယွီကနှုတ်ခမ်းကိုက်သည်။

"ပေါက်ကရတွေ!အဲ့ဒီရှေ့ဖြစ်ဟောမိသားစုရဲ့လုပ်ရပ်တွေကယန်ကျုံးဟွားအတွက်တော့သူ့အတွက်အဆင်သင့်ဖြစ်နေပြီးသားပလ္လင်ကိုထိနိုင်မယ့်အခွင့်အရေးကနေလွှဲချော်သွားစေတာလေ,သေချာပေါက်သူအဲ့ဒီလူရုတ်မာတွေကိုဘယ်လိုများလွယ်လွယ်လွှတ်ပေးမှာလဲ..ဒါပေမဲ့,သူ့အကြောင်းပြချက်တွေကကျွန်တောနဲ့ကျွန်တော့ရဲ့အဖိုးတန်သားအတွက်ကတော့ဘာမှမပတ်သတ်ဘူး"

မဟာအကြီးအကဲလန်ယွဲ့ကတော့သူ့ကိုဘာမျက်နှာသာမှမပေးတဲ့အပြင်သူ့စကားတွေအပေါ်ရေအေးပင်လောင်းလိုက်သေးသည်။

"ငါကလည်းအဲ့ဒါကမင်းနဲ့ပတ်သတ်နေတယ်လို့မပြောမိပါဘူး"

ဟွိုင်ယွီကလန်ယွဲ့အားတစ်ချက်စိုက်ကြည့်လိုက်ပြီးသူ့မျက်နှာကတော့မပျော်မရွှင်မှုများနဲ့ပြည့်နှက်နေသည်။

ထိုနောက်မဟာအကြီအကဲဟွိုင်ယွီကရုတ်ချည်းသက်ပြင်းချလိုက်ကာတောင့်တနေတဲ့ဆန္ဒများနဲ့ပြောလာသည်။

"နတ်ဆိုးဘုံကဝိညာဉ်ချီရှားပါးတော့ကျင့်ကြံဖို့အတွက်မသင့်တော်ဘူး...အကယ်၍နတ်ဆိုးဘုံကိုသာခရမ်းအင်ပါယာကောင်းကင်ဘုံမြို့တော်လိုမျိုးဝိညာဉ်ချီကြွယ်ဝတဲ့နေရာမှာနန်းတည်လိုက်ရင်အရမ်းကောင်းမှာပဲ"

မဟာအကြီးအကဲလန်ယွဲ့ကသူ့ကိုကြည့်ကာခေါင်းညိတ်သည်။

"မင်းကြိုးစားကြည့်လို့ရတာပဲ,ဒါပေမဲ့ယန်ကျုံးဟွားကမင်းအတွက်နယ်ကြေီးကိုးခုမှာကြီးမားတဲ့ဆုကြေးတစ်ခုထုတ်ပေးထားတယ်...အဲ့ဒါကိုကြိုးစားကြည့်ဖို့တော်ဝင်ကောင်းကင်ဘုံမြို့တော်ကိုမင်းပြန်ရဲလား?"

"မပြန်ရဲပါဘူး,သူသေချာပေါက်ကျွန်တော့ကိုအပိုင်းပိုင်းဖြတ်ပစ်လိမ့်မယ်ပြီးတော့လည်းကျွန်တော်သူ့ကိုပြန်ရိုက်နိုင်မယ်လို့လုံးဝမထင်ဘူး"

မဟာအကြီးအကဲဟွိုင်ယွီကရုတ်တရက်ဆတ်ခနဲတုန်ယင်သွားပြီးသူ့ထိုင်ခုံမှာစိတ်ပျက်လက်ပျက်ထိုင်၍မျက်မှောင်ကျုံ့သွားသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now