Chapter 17

5K 1.1K 104
                                    


Chapter 17: ဆွေးနွေးသံများ

စုမင် ရာစုသစ်နှစ်တစ်ရာရုပ်ရှင်ရုံ၏official websiteထဲ ဝင်လိုက်သည်။

ရှေ့စာမျက်နှာ၌ပြသသော သတင်းအချို့ ၊  လူထုဝန်ဆောင်မှုလုပ်ငန်းများနှင့် holographic ကြည့်နည်းပညာ၏ အကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍ သတင်းအချက်အလတ်အနည်းငယ် ရှိသည်။

အဲ့တာတွေကို ကျော်ပြီး စုမင် 'ရုပ်ရှင်ဇာတ်လမ်း' ဆီသွားကာ သူဖြန့်ချိသောအချိန်နှင့်အညီ စီစဉ်ပေးသောနောက်ဆုံးပေါ်ရုပ်ရှင်များကို သူမြင်သည်။

လာမည့်ထုတ်လွှင့်အစီအစဉ်တွင် နှစ်မျိုးရှိတယ် ... တစ်ခုက ပုံမှန်မူရင်းရုပ်ရှင်ကို ရည်စူးပြီ ကျန်တစ်ခုက ထပ်မံထုတ်လွှင့်မည့်ရုပ်ရှင်ကို ရည်ညွှန်းတယ်။

ထပ်မံထုတ်လွှင့်မည့် ပထမဆုံးရုပ်ရှင်ဇာတ်လမ်းမှာ 'သည်းထိပ်ရင်ဖိုတက္ကသိုလ်' ဖြစ်ကာ သရုပ်ဆောင်များက တူညီပေမယ့် ဒီတစ်ကြိမ် 'ပရိသတ်ပါဝင်သရုပ်ဆောင်သည်' ဆိုသောစာတမ်းလေးပါသည်။ ထိုစာတမ်း၏အပေါ်၌ သူ့နာမည်ဖြစ်၏။

ရုပ်ရှင်အဖုံး၏ ညာဘက်တွင် ရိုးရှင်းသောရုပ်ရှင်ရဲ့အကျဉ်းချုပ်တစ်ခုရှိခဲ့သည်။

ထုတ်လွှင့်မည့်အချိန် အခုကနေ နှစ်ရက်မြောက်နေ့ပင် ... ထိုနေ့က ကျောင်းသားများ ကျောင်းဆင်းချိန်နှင့် ရုံးဝန်ထမ်းများ အလုပ်ဆင်းချိန်ဖြစ်သည်။

စုမင် နည်းနည်းတော့စိတ်အနှောင့်အယှက်ဖြစ်မိတယ်။

ရုပ်ရှင်ပိုစတာအသစ်တွင် သူရယ် လင်းယိကျီနှင့်လင်းရှောင်ယန်တို့ ခုနှစ်လွှာတွင်ရှိနေတာကို ပြသထားသည်။ သူတို့က တံခါးအပြင်ဘက်မှာရှိပြီး အထဲကကော်ရစ်ဒါကို ချောင်းကြည့်နေကြတယ်။

ရာစုသစ်ရုပ်ရှင်ရုံဆီ စုမင်အိမ်လိပ်စာကိုဖြည့်စွတ်လိုက်သည်။

ညနေခင်းကိုယ်ပိုင်စာလေ့လာပြီးနောက် နောက်မတ်ဆေ့ခ်ျတစ်စောင်ပို့လာခဲ့သည်။ သူ့အိုင်ဒီကို အသုံးပြုပြီး ကောင့်တာ၌ ရုပ်ရှင်သစ်လက်မှတ် ဘယ်လိုယူနိုင်ကြောင်း ရှင်းပြထားတယ်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now