Part (31)

15.3K 1.1K 71
                                    

Unicode

ရိ၀မ်တို့ကား JiJi ent;ရှေ့သို့ရောက်လာခဲ့သည်။

နောက်က လိုက်လာတဲ့ ယီယီတို့ကားဟာလည်း ရိ၀မ်ရဲ့နောက်မှာ ရပ်တန့်သွား၏။

ယီယီဟာ ရိ၀မ်ရဲ့ ကားမှန်တံခါးကို
လာခေါက်တာကြောင့် မှန်ကိုချပေးလိုက်သည်။

" Boss သခင်ကြီးက ခရီးလွန်နေတာကြောင့် အချက်အလက်တွေအားလုံး Bossရဲ့ Account ထဲမှာ ပို့ခိုင်းထားပါတယ်တဲ့ "

" Ok ... အဲ့တာဆို ဟိုတယ်ကို ပြန်သွားပြီး
ငါ့ကိုစောင့်နေ ....
ငါလာတာနဲ့ အားလုံးအဆင်သင့်ဖြစ်နေပါစေ "

" ဟုတ်ကဲ့ပါ boss "

ယီယီက ဦးညွတ်ပြီး ပြန်ထွက်သွားဖို့
ပြင်၏။

ထိုအချိန် ရိ၀မ်ခေါင်းထဲ တစ်စုံတစ်ခုကို
ဖြတ်ကနဲ သတိရသွား၏။

" ယီယီ နေဦး "

" ဟုတ်ကဲ့ boss "

" Hidden camera ပါလား "

" ပါ, ပါတယ် Boss "

" ငါ့ကို ပေးခဲ့ "

ယီယီပေးတဲ့ Hidden cameraကိုယူလိုက်တော့ သေးသေးလေးရယ် ....

ထိုCameraကို ကလေးငယ်ရဲ့ ဆံပင်တုမှာ
ထိုးထားတဲ့ နဂါးနက်ဆံထိုးရဲ့ ကျောက်တွေကြားထဲ ရောထည့်ပေးလိုက်သည်။

ဆံထိုးက အနက်ရောင်မို့ cameraသေးသေးလေးက သိသာနေမှာ မဟုတ် ...

" ဘာဖြစ်လို့လဲဟင် ... "

ဆံထိုးကို ကိုင်ပြီး ပြူးကြောင်ကြောင်မေးနေတဲ့ ကလေးငယ်ရဲ့ နဖူးလေးကို မြတ်နိုးစွာ
နမ်းရှိုက်လိုက်သည်။

ပြီးမှ

" ကလေးကို ဘယ်လောက်နိုင်ကျင့်နေလဲဆိုတာ ကိုယ်က စောင့်ကြည့်မလို့ "

ရိ၀မ်ရဲ့ စကားကြောင့် ရှင်းရင်ထဲ
လှုပ်ခါသွားသည်။

ဂရုစိုက်ခံရတဲ့အတွက်လည်း ကြည်နူးမှုက
အတိုင်းအဆမဲ့ .......

" ဟို ဒုက္ခရောက်အောင်တော့ မလုပ်ပါနဲ့နော် ...
Memberတွေနဲ့ debutမလုပ်ရသေးတဲ့ Traineeလေးတွေ ရှိသေးလို့ "

ရှင်းရဲ့ မ၀ံ့မရဲတောင်းဆိုမှုကို ရိ၀မ်က
သဘောတကျပြုံးသည်။

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now