Chapter-31(ကော့တင်းပါတီနောက်ကလှည့်ကွက်များ-1)

14.8K 1.6K 32
                                    

Zawgyi

နောက်နေ့ ညနေကို ရောက်လာသည့်ချိန်မှာ လော့ရှန်ဟွာ ကော့တေးပါတီကို မလိုက်ရတော့ဘူးထင်ပေမယ့် သူ့ဒယ်ဒီဟာ သူ့ကို တူတူလိုက်ခဲ့ရန်ပြောကြားလာတော့သည်။လော့ရှန်ဟွာ မယုံကြည်နိုင်ဖြစ်သွားပေမယ့် လော့အိမ်တော်ရဲ့ သီးသန့်ဒီဇိုင်နာအဖွဲ့မှ သူ့ကိုအဝတ်အစားဆင်ယင်ပေးလာသည့်ချိန်ကျမှ သူ့ဒယ်ဒီမလိမ်မှန်း ယုံကြည်သွားတော့သည်၊

အဝတ်အစားအရောင်ဟာလည်း သူ့စိတ်ကြိုက်ရွေးချယ်ဆိုတာကြောင့် လော့ရှန်ဟွာ အနက်ရောင်ကို ရွေးချယ်လိုက်သည်၊အခြားအရောင်တွေကို သူတကယ်မကြိုက်တာ အမှန်ပေ၊

အနောက်တိုင်းဝတ်စုံကို လော့ရှန်ဟွာဝတ်လိုက်သည့်ချိန်မှာ နက်မှောင်မှောင်သည့် အင်္ကျီအသားဟာ လော့ရှန်ဟွာရဲ့ နို့နှစ်ရောင်အသားအရေလေးနဲ့လိုက်ဖက်စွာ တည်ရှိနေသည်၊'U'ပုံသဏ္ဍာန်ကော်လံ အနက်ရောင်ကုတ်ရဲ့အောက်ထပ်မှာတော့ အပြာနုရောင်ရှပ်အင်္ကျီလက်ရှည်ကို ဝတ်ဆင်ထားပြီး နက်ပြောင်နေသည့်အနက်ရောင်နက်ကတိုင်ရယ်၊နက်ကတိုင်​ပေါ်က "aquamarine"စိန်ခြယ်ထားသည့် ရွှေနဲ့ပြုလုပ်ထား ညှပ်ကလစ်လေးဟာ လော့ရှန်ဟွာရဲ့မျက်ဝန်းအရောင်လေးအတိုင်းပင်၊ ဘဲဥပုံသဏ္ဍာန် အပြာရှပ်အင်္ကျီလက်ကောက်ဝတ် ကြယ်သီးသည်လည်း အလားတူစွာပင် "aquamarine"စိန်တပ်ဆင်ထားသည့် ရွှေကြယ်သီးကိုတဖက်စီတပ်တင်ထားသည်၊ အနက်ရောင်ဘောင်းဘီရှည်ဟာ အရမ်းလည်းကြပ်ထုတ်မနေ၊အရမ်းလည်းပွယောင်းမနေတာကြောင့် လော့ရှန်ဟွာရဲ့ကိုယ်နေဟန်ကို ပေါ်လွင်အောင် ထိန်းသိမ်းထားပြီး ယောကျာ်းစီး 0.5 ဒေါက်အမြင့် အနက်ရောင်ရှူးဖိနပ်ကို လိုက်ဖက်စွာဝတ်ဆင်ထားသည်၊

လော့ရှန်ဟာ ကိုယ်လုံးပေါ်မှန်ထဲကနေ သူ့ပုံစုံကိုကြည့်ရင်း တချက်ပြုံးသွားပြီး ဘေးနားက ဒီဇိုင်နာအား

"မမ ကျွန်တော့်ဆံပင်ပုံစံကို အနက်ဘက်ကို ဖြီးတင်ထားပြီး အရှေ့ဘက်ကို ချပေးပါ" လို့ ပြောလိုက်တော့ ဒီဇိုင်နာမမဟာ ခေါင်းညိတ်လိုက်ရင်း သူ့ကိုခုံမှာ ထိုင်ခိုင်းကာ ပြင်ဆင်ပေးလိုက်သည်၊ ဒီဆံပင်ပုံစံဟာ သူအကြိုက်ဆုံး ဆံပင်ကေဖြစ်သည်၊ ငယ်ရွယ်သည့်လော့ရှန်ဟွာရဲ့မျက်နှာပေါက်လေးဟာ ထိုဆံပင်ကြောင့် ရင့်ကျက်တည်ငြိမ်သည့်အမျိုးသားတစ်ယောက်လို ပေါက်စေပြီး တဖက်မှာလည်း ပိုမိုယုံကြည်အားထားစရာလူငယ်လေးတစ်ယောက်လိုပုံစံ ဖြစ်နေပြန်သည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now