Chapter 142+143

3.5K 715 20
                                    

ZAWGYI
Chapter 142
{ ဝေ့ရင်းကို လုမိသားစုထဲ တွန်းပို့ပေးခဲ့ရမှာ - ၂ }

လုပေရွှမ်းသည် ရီကျန်းရဲ့သူမသားအပေါ် အကဲပိုမှုကို တွေ့လိုက်ရတဲ့အခါ အနည်းငယ်ဆွံ့အသွားခဲ့မိသည်... ကလေးမွေးမလာခင်တုန်းက ရီကျန်းဟာ သူ့အား ကလေးကို အလိုမလိုက်ရန် အကဲမပိုရန် ပြောခဲ့ပြီး ယခုကြတော့ သူမက သူထက်ပင် ပိုလို့ အကဲပိုနေသေးသည်... လုပေရွှမ်းဟာ ဇနီးနှင့်သားတို့နှစ်ဉီးကို ကြည့်ပြီး ခေါင်းတခါခါလုပ်လိုက်ရင်း ရယ်မောလိုက်လေတယ်...

ရီကျန်းက ယခုလို အလိုလိုက် အကဲပိုနေတာကြောင့် သူကသာ စည်းကမ်းကြီးတဲ့စိတ်ပုတ်ဖေဖေ လုပ်ရတော့မည်လေ...

လုပေရွှမ်းတစ်ယောက် သူ့အလုပ်စားပွဲသို့ ပြန်တော့မည်လုပ်ချိန်တွင် ရီကျန်းဆီမှ စကားသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်...
" ရှူးပေါက်ချထားတာလား?? " ထိုသို့ဆိုပြီးနောက် ရီကျန်းသည် ကလေးကို ကုတင်ပေါ်တင်လိုက်ကာ ကလေးဒိုက်ပါကို ဖြေလိုက်တဲ့အခါ ဒိုက်ပါတစ်ခုလုံး စိုရွှဲနေသည်ကို တွေ့လိုက်ရလေသည်... ထိုအခါ လုပေရွှမ်းသည် ဗီရိုထဲမှာ ဒိုက်ပါတစ်ခုကို ယူလိုက်ပြီး ရီကျန်းဆီသို့ ပေးလိုက်၏...  ထို့နောက်တွင်တော့ လုပေရွှမ်းဟာ ရီကျန်းနားတွင် မတ်တပ်ရပ် ကြည့်နေခဲ့လေသည်...

ဒီတစ်ကြိမ်ဟာ ရီကျန်းက သူမသားကို ပထမဆုံးအကြိမ် ဒိုက်ပါလဲပေးခြင်းဖြစ်သော်လည်း သူမသည် ကလေးထိန်းများက ကျိုးကျိုးလေးအား ဒိုက်ပါလဲပေးသည်ကို မြင်ဖူးတာကြောင့် မည်သို့လုပ်ရမည်ကို အနည်းအကျဉ်းတော့ သိပေတယ်... ပထမဆုံးအနေနဲ့ စိုနေသောဒိုက်ပါကို ချွတ်ပြီး ကလေးတင်ပါးကို သန့်စင်ပေးလိုက်၏...

" အမေ့သားလေးက ဒိုက်ပါစိုနေလို့ အမေ့ဆံပင်ဆွဲပြီးပြောပြတာလား... " ရီကျန်းဟာ ထိုသို့ပြောရင်း ဒိုက်ပါအသစ်လဲဝတ်ပေးလိုက်ပေသည်...

ရီကျန်းအဆင်ပြေသွားတာသေချာပြီဆိုမှ လုပေရွှမ်းဟာ သူ့အလုပ်စားပွဲသို့ ပြန်လာခဲ့ပြီး လုပ်လက်စအလုပ်တို့ကို ဆက်လုပ်တော့သည်... ဤသို့ဖြင့် လုပေရွှမ်းတစ်ယောက် အလုပ်ပြီးသွားချိန်မှာတော့ ရီကျန်းရော ကျိုးကျိုးလေးရော အိပ်မောကျနေခဲ့ချေပြီ...

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now