Arc.1.1
20.4K 1.6K 75
/ host .. ဇာတ်ကြောင်းလွဲပေးရတော့မလား .. ခေါင်းတွေ ဘာတွေ ကိုက်နေ ...နေ .. /
" မြန်မြန်ပေးပြီး .. လစ်လိုက်တော့.. ဒါကလွဲပြီး အသုံးဝင်တာလဲ မဟုတ် "
/ .... / နိမ်လိုက်တာ... ။ ဒါပေမဲ့ သူ့ host ပြောသလိုပင် လက်ရှိ system သည် ဈေးဆိုင်ပင် မပွင့်သေး‌ချေ ။ ဆိုတော့ ဒါကလွဲပြီး ဘာမှ မလုပ်နိုင်ဘူး ဆိုတဲ့ သဘောပါဘဲ ။ငါလေး မရှိတဲ့ မျက်ရည်ကျချင်နေပြီ ။
အစီအစဉ် မကျသည့် အချက်အလက်များသည် သူ့ခေါင်းအတွင်းသို့ ဆစ်ခနဲ နာကျင်မှုနဲ့အတူ ဝင်လာခဲ့သည် ။
သူရောက်ခဲ့သည့် နေရာသည် ရှေးခတ် နန်းတွင်း ဖြစ်ပြီး ဒီဇာတ်လမ်းထဲမှာတော့ အဓိက ဇာတ်လိုက် စုမင်ဟွား သည် ဟန်ယွဲ့ အင်ပါယာရဲ့ ဒုတိယတန်းစား မိသားစု ရဲ့ သမီးငယ် လေး ဖြစ်သည် ။ သူမဟာ ပန်းလေးတစ်ပွင့်လို လှပပြီး  သွက်သွက်လက်လက်နဲ့ ထက်မြတ်တဲ့ မိန်းမပျို တစ်ဦးဖြစ်တယ် ။
ပထမဇနီးနဲ့ ရထားသည့် သူမကို ဖခင် အမတ်ဟာ အလိုလိုက်ပြီး အလွန်ချစ်မြတ်နိုးသည်။ လွတ်လပ်တဲ့ အတွေးအခေါ်နဲ့ သူမဟာ ရှေးခေတ် က သိက္ခာသမာဓိ ကြီးမားပြီး လှုပ်စိလှုပ်စိ ဖြစ်နေသည့် မိန်းမတွေ ထက် ပိုပြီး စိတ်ဝင်စားစရာ ကောင်းလှသည် ။ သူမ သွားသည့် နေရာတိုင်း လူအားလုံး၏ အာရုံသည် သူမအား မကြည့်မနေနိုင် ဖြစ်ရသည်အထိပင် ။
အကြောင်းမှာတော့ သူမ အပြုအမှုများမှာ ထူးဆန်းလှပြီး အရှက်မဲ့သောကြောင့်ပင် ။
/ ပို့လိုက်တာ .. လွပ်လွပ်လပ်လပ်ပုံစံနဲ့ ချစ်စရာကောင်းသော ကြောင့်ပါ /
" မရှည်နဲ့ "
/ ကောင်းပါပြီ /
ဇာတ်လိုက်ဖြစ်သည့် အနောက်နိုင်ငံ တာရှန် ပြည်မှ မင်းသား  သုံး ရှဝေ့ယိ သည် သံတမန်ရေးရာ ဖြင့် လာရင်း စုမင်ဟွား ဖြင့် တွေ့ဆုံ ခဲ့သည် ။ လူရှင်းနေသည့် တံတားပေါ်တွင် တိုက်မိခဲ့ပြီး ..မိတ်ဆွေ ဖွဲ့ခဲ့ကြသည် ။ ရှဝေ့ယိသည်  စုမင်ဟွား၏ စိတ်ဝင်စားစရာ အချက်အလက်များကို သိလာလေလေ သူမ အပေါ် စွဲလမ်းလာလေလေ ဖြစ်ပီ့း သူသည် ဟန်ယွဲ့ မင်းကြီးထံ စုမင်ဟွား အား လက်ဆက်ခွင့် ရရန် ခွင့်ပန်လေတော့သည် ။