Part-73(ညီလေးကို Level မြှင့်လိုက်ရင်ဘာဖြစ်သွားလဲသိချင်လား..)

18.3K 2.1K 107
                                    

(Zawgyi)🍀🍀🍀🍀

သိချင်လား..)

Part-73
(ကိုယ်..ချစ်သော clover..!!..)

"ဦးကောင်း clover ရော.."

သစ်မိုးအိမ်က ကုမ္ပဏီသွားရန်အသင့်ပြင်ပြီး၍
အောက်သို့ဆင်းလာခြင်းဖြစ်ပြီး လှေကားအောက်
ခြေနားရှိ ပန်းအိုကြီးကိုပန်းအသစ်များလဲနေသော
ဦးကောင်းကိုမေးလိုက်ခြင်းဖြစ်သည်။ ဦးကောင်း
က လုပ်လက်စအလုပ်များကိုရပ်ကာ သစ်မိုးအိမ်
၏အမေးကို တလေးတစားဖြင့်ပြန်ဖြေလာသည်။

"ရွက်စိမ်းလေးက ခြံထဲဆင်းသွားပါတယ်
သခင်လေးသစ်မိုးအိမ်.."

"ကျွန်တော်သိပြီ.."

သစ်မိုးအိမ်က အနည်းငယ်ပြုံးကာခေါင်းခါလိုက်
ရင်း အိမ်ရှေ့ဘက်သို့လှမ်းကြည့်လိုက်သည်..။
စိတ်ကောက်နေသော အဆိုးလေးက မနက်ခင်း
အနမ်းလေးပင်မပေးသည့်အပြင် အစောကြီး
အိပ်ရာထသွားသည်။ သစ်မိုးအိမ်က ညကတစ်ည
လုံး မအိပ်ဘဲ မိုးလင်းပိုင်းမှအိပ်ပျော်သွားခြင်းဖြစ်
သောကြောင့် ကလေးငယ်အိပ်ရာထသွားသည်ကို
သူမသိလိုက်ပေ..။ မနက်စားစားရန် ဆင်းလာ
တော့လည်း အဆိုးလေးကသူ့ကို ရှောင်ရန်ခြံထဲ
ဆင်းသွားပြန်သည်။

သူ..ကလေးငယ်နောက်လိုက်သွားရန် ခြေလှမ်း
ပြင်လိုက်တော့ ဦးကောင်းက ပြောလာသည်။

"သခင်လေး..ရွက်စိမ်းလေးက မနက်စာမစား
ရသေးဘူး။ ဒါကရွက်စိမ်းလေး အတွက်ပြင်ထား
တဲ့ သစ်သီးပူတင်းပါ သခင်လေး။ သခင်လေးက
ဘဲ ကလေးကိုချော့ပြီး မနက်စာကျွေးပေးပါဦးဗျာ"

သစ်မိုးအိမ် ပြုံးကာခေါင်းငြိမ့်လိုက်သည်။ ဦးကောင်း
က ကလေးငယ်နှင့်သူ့ကြားတွင် တစ်ခုခုဖြစ်ထား
ကြောင်း သတိထားမိပုံရသည်။ ထို့ကြောင့်လည်း..
ကလေးငယ်နှင့် အဆင်ပြေစေရန်မသိမသာကူညီ
နေခြင်းဖြစ်သည်။ သစ်မိုးအိမ် ဦးကောင်းကိုကျေးဇူး
တင်စကားပြောလိုက်ပြီး အဆိုးလေးရှိနေမည့် ခြံထဲ
သို့ဆင်းလာလိုက်သည်။

စံပယ်ပင်လေးများဖြင့် ပန်းဥယျာဉ်လေးသဖွယ်ဖြစ်
နေသော ခြံနေရာမြေကွက်လပ်လေးတွင်တော့..
ဒန်းလေးတစ်ခုရှိသည်။ ဒန်းလေးအပေါ်တွင်တော့
လက်သည်းအိမ်ကြည်ကြည်လေးများဖြင့် လက်
ချောင်းလေးများပင် မြုပ်နေသောအင်္ကျီကြီးကိုဝတ်
ထားသော ကောင်လေးတစ်ယောက်ထိုင်နေပြီး...
မြေပြင်ကို ခြေထောက်လေးဖြင့်ထောက်ကာ..
ဒန်းလေးကိုလွှဲနေသည်။

Clover your'e my clover[Completed]Where stories live. Discover now