#Unicode
လင်းရာ အိပ်ရာနိုးလာတော့ ကိုယ်မသိတဲ့ အခန်းတစ်ခုထဲ ရောက်နေပေသည်။
"ဘေဘီ နိုးပြီလား"
အသံကြားရာကို လှည့်ကြည့်တော့ ရေးချိုးပြီးခါစလူကြီးက ပုဆိုးလေးဝတ်ပြီး အပေါ်ပိုင်းဗလာနှင့် ခေါင်းကို တံဘက်ဖြင့်သုတ်ကာ အခန်းထဲ ဝင်လာလေသည်။
"အင်း လူကြီးတို့အဆောင်မှာလား"
"အင်း ကိုယ့်အဆောင်မှာ။ လန်းသွားအောင် ရေချိုးပါ့လား"
"အဆောင် ရောက်မှပဲ ချိုးလိုက်တော့မယ်"
"အင်း ဘေဘီ့သဘော။ မျက်နှာတော့ သစ်လိုက်ဦး"
"ဟုတ်"
"ရေချိုးက ကိုယ့်အခန်းက ထွက်ထွက်ချင်း ညာဘက်ကိုချိုးလိုက် ဘေဘီ။ အစွန်ဆုံးက အခန်းက ရေချိုးခန်း။ အဲ့မှာသွားပြီး မျက်နှာသစ်လိုက်နော်"
"ဟုတ်"
"အဲ့အထဲမှာ ရှိတဲ့ ပစ္စည်းတွေ အကုန်လုံးက ကိုယ့်ဟာ။ ကြိုက်တာ ယူသုံးလို့ရတယ်"
"ဟုတ်"
လင်းရာ အခန်းထဲက ထွက်ဖို့ပြင်တော့ လူကြီးရဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းကို သတိထားမိသွားသည်။
"လူကြီးက မထင်ရဘူးနော်"
"ဘာလို့လဲ"
"ဒီမှာလေ အရစ်ကလေးနဲ့"
"ဪ . . . "
စစ်ပိုင် ဗိုက်က အရစ်ကလေးကို လက်ညှိုးလေးဖြင့် မထိတထိလေး လာထိကာ ပြောလာသည်မို့ ဘေဘီပြသည့်နေရာကို ကိုယ်ပါလိုက်ပြီး ငုံ့ကြည့်မိလိုက်သည်။
"လူကြီး Gym ဆော့တယ်လား"
"အင်း"
"လူကြီးမှာ ဒီလိုအရစ်လေးရှိမယ်လို့ မထင်ထားဘူး"
"ဘေဘီက ဘယ်လိုထင်လို့လဲ"
"One Pack နဲ့ တစ်ပြင်ထဲကြီး မှတ်နေတာ"
"ကိုယ့်ရုပ်က အဲ့လို ထင်စရာရုပ် ပေါက်နေလို့လား"
"အင်း"
"အေးပါကွာ မင်းလေးပဲပြော"
လူကြီးကို စနောက်ပြီး ရေချိုးခန်းထဲမှာ မျက်နှာသွားသစ်တော့ ထူးခြားဖြင့် တိုးလေသည်။
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။