မုန့်ရန် သူ့ရဲ့ဉီးခေါင်းဆီက နာကျင်ကိုက်ခဲမှုကိုခံစားနေရတဲ့ အပြင် လေတွေ မိုးတွေ တိုက်ခတ်နေတာကိုပါခံစားနေရတယ်......
"မိုးရွာနေတာလား?"
မုန့်ရန် အံ့အားသင့်နေခဲ့တယ်.....
//ဘယ်လိုလုပ်မိုးမိနေတာလဲ?ဂူထဲမှာရှိနေရမှာမဟုတ်ဘူးလား?//
အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် သူ ဂူထဲမှာရောချောက်ကမ်းပါးအောက်မှာရှိတဲ့ နက်ရှိုင်းတဲ့ နေရာမှာရောမဟုတ်တာကို
မုန့်ရန် သိလိုက်ရတယ်......"ဟေးးး မင်းအဆင်ပြေရဲ့လား?"
"ကြည့်လိုက်ဉီး၊ သူသတိလစ်နေတာမလား?"
"ဒီလူဘာလို့ လမ်းလယ်ခေါင်မှာလာအိပ်နေတာလဲ"
"အရက်တွေမူးအောင်သောက်ထားလို့နေမှာပေါ့"
"ဒါအရမ်းအန္တရာယ်များတယ်.....ကိုယ့်အသက်ကို ကိုယ်နှမြောရကောင်းမှန်းမသိဘူးလား?"
သူ့ရဲ့ဘေးနားပတ်လည်ကစကားသံတွေကို မုန့်ရန် နားထောင်လိုက်ပြီး မျက်လုံးတွေကိုဖြေးညှင်းစွာဖွင့်လိုက်တယ်။သူ့ရဲ့အမြင်အာရုံတွေမှုန်ဝါးဝါးဖြစ်နေပေမယ့် သူ့ဘေးနားက လူအုပ်ကြီးကိုတော့မြင်နိုင်ပါသေးတယ်။သူ မျက်မမြင်ဖြစ်ခဲ့တာနှစ်တွေအတော်ကြာနေပြီလေ......
//အခုဘာလို့ မြင်နေရတာလဲ?ငါအိမ်မက် မက်နေတာများလား?မြန်မြန်နိုးထလိုက်ပါတော့//
ဒီလိုတွေးလိုက်မိပြီးနောက်မှာ မုန့်ရန် မေ့မြောသွားပါတော့တယ်။
မုန့်ရန် သတိရလာပြီးနောက်တစ်နေ့မှာ သူ့ကို ဆေးရုံကနေ အိမ်ကို ပြန်ခေါ်သွားကျတယ်.....
သူ ကုတင်ပေါ်မှာမှီနေပြီး သူ့မှတ်ဉာဏ်တွေထဲမှာရင်းနှီးနေတဲ့ ဒီအခန်းကို ထပ်ခါထပ်ခါ ပြန်ကြည့်နေခဲ့တယ်......
ပြတင်းပေါက်အပြင်က နေရောင်ခြည်ကိုလဲ သေချာကြည့်နေခဲ့မိတယ်.....
သူနှစ်ပေါင်းများစွာ မျက်မမြင်တစ်ယောက်အဖြစ်နဲ့နေထိုင်ခဲ့ရတယ်.....
အခုလို မြင်နိုင်စွမ်းတွေက ဘယ်လောက်တောင်လှပလဲဆိုတာ အခုမှပဲသတိပြုမိတော့တယ်......
YOU ARE READING
သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်
AdventureTitle....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပိုင်းပါ complete ဖြစ်ပြီးသားပါရှင့် Readerလေးတစ်ယောက် Recommend ပေးလို့ Tran ကြည့်တာပါ ဖတ်ရှုဝေဖန်ပ...