2

25.5K 3K 34
                                    

Unicode

ရွှယ်ယို့ရှန်း ပြန်သတိရလာပြီးနောက် သူ့ခန္ဓာကိုယ်မှာ ဘာတွေဖြစ်ပျက်နေသလဲ ဂရုမစိုက်နိုင်သေးဘူး။ မျက်လုံးပြူးပြီး ပါးစပ်အဟောင်းသားဖြင့် သူ့အမူအရာက တစ္ဆေတစ်ကောင်ကို ရင်ဆိုင်တွေ့လိုက်ရသလိုမျိုး ဖြစ်နေလေတယ်။

သူ သေချာပေါက်ကို သူ့အိမ်က ကွန်ပြူတာရှေ့မှာ လဲကျသွားခဲ့တာပါ။ ဘယ်လိုလုပ်ပြီး ဒီလိုထူးဆန်းတဲ့နေရာမှာ နိုးလာရတာလဲ..?

ရွှယ်ယို့ရှန်းလို အွန်လိုင်းစာရေးသူအတွက် ဒီလိုအခြေအနေမျိုးက အရမ်းကို ရင်းနှီးလို့နေတယ်။

သူ ဝိညဉ်ကူးပြောင်းခဲ့တာလား??? ဝိညဉ်ကူးပြောင်းလာတာလား??? တကယ်ကြီးကို ဝိညဉ်ကူးပြောင်းလာခဲ့တာလား???

အိမ်မှာနေရင်း ဝတ္ထုလေးရေးနေရုံနဲ့ ဝိညဉ်ကူးပြောင်းတတ်တယ်လို့ သူတော့ မကြားဖူးပါဘူး။ ဒါက တကယ့်ကို သိပ္ပံနည်းမကျတာပဲ..!

ဘယ်လိုပဲ ဝိညဉ်ကူးပြောင်းခြင်းဇာတ်လမ်းတွေကို ကိုယ်တိုင်အားကြိုးမာန်တက် ရေးခဲ့သည်ဆိုဦးတော့၊ တကယ်တမ်း ကိုယ်တွေ့ကြုံတွေ့ရရင် ဘယ်သူမဆို မယုံကြည်နိုင်အောင် အံ့ဩကြမှာပဲလေ။

အခု သူမျှော်လင့်နေမိတာက “အွန်လိုင်းစာရေးဆရာတစ်ယောက် မအိပ်မနားဘဲ စာဆက်တိုက်ရေးရင်း သေဆုံးသွားပြီ” ဆိုတဲ့သတင်းမျိုး မနက်ဖြန် မနက်ခင်းသတင်းမှာ ပျံ့နှံ့မသွားဖို့ပဲ..!

အခုအချိန်မှ သတင်းခေါင်းစဉ်လှလှလေးနဲ့ ပါလာအောင် တောင်းဆိုမယ်ဆိုရင် နောက်ကျသွားလောက်မလား..?

ဒါပေမဲ့ အဲ့တာတွေကို အာရုံစိုက်နေဖို့ အချိန်ကောင်း​မဟုတ်သေးဘူး။ လက်ရှိအခြေအနေကို နားလည်အောင် အရင်လုပ်ရဦးမယ်။

လောလောဆယ် သူက သလင်းကျောက်နဲ့လုပ်ထားတဲ့ သေတ္တာတစ်ခုထဲ လဲလျောင်းနေတာလား..?

ရွှယ်ယို့ရှန်း ထထိုင်လိုက်ပြီး သေတ္တာကို သေချာပြန်ကြည့်လိုက်ချိန်မှာတော့ လုံးဝကို ရှော့ရသွားခဲ့တယ်။ သေတ္တာက အမှန်တကယ်တော့ အခေါင်းတစ်ခု ဖြစ်နေတယ်။ အဖုံးမဖုံးထားပေမယ့်လည်း အခေါင်းတစ်ခုဆိုတာ ယုံမှားစရာမရှိဘူး။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now