Part(9)

4.6K 142 2
                                    

Unicode+Zawgyi

❣️ဦး ဖန် တီး သော အ ချစ် သ င်္ကေ တ❣️

                💫Season 2💫

                  💫Part (9)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

"ဒေါက်တာ ရာရာ့ဖုန်း ဆရာမအခန်းထဲမှာ ကျန်ခဲ့လို့ အောက်ကို ယူခဲ့ပေးလို့ရမလား "

"ဟုတ် ဟုတ်ကဲ့ရှင့် ခဏစောင့်ပါနော် ကိုသူ့ ဆောင်းယူခဲ့ပေးပါမယ် "

သူ့ဆီက ဖုန်းရရချင်း ဆောင်း ဆာကူရာဖုန်းကို ဟိုလှန်ဒီလှန်ရှာသည်။ စားပွဲထောင့်မှာတွေ့သွားပြီး အမြန်ယူကာ သူ့ရှိရာ ‌ထွက်လာသည်။

"ဒေါက်တာ "

ဆောင်းကိုလက်လှမ်းပြနေသည့် သူ့ဆီ အမြန်ပြေးလာကာ...

"ကိုသူ့ ဖုန်းကဒီမှာ"

"ကျေးဇူးပါ ဒေါက်တာ ဒီလိုပဲ ရာရာကအရမ်းမေ့တတ်တာ "

"ဟင်းဟင်း ရပါတယ် ကိုသူ့ "

"ဒေါက်တာ ကော်ဖီသောက်မလား ကျွန်တော်ဝယ်ခဲ့တယ် "

လက်ထဲက ကော်ဖီခွက်နှစ်ခွက်ကိုမြှောက်ပြလိုက်ရင်း ဆိုသည်။ ဆောင်း ခေါင်းငြိမ့်လိုက်သည်။

ဆောင်းတို့ ဆေးရုံရှေ့မှာ ထိုင်ဖြစ်ကြသည်။

"အရှင်လာသွားတယ်ထင်တယ် မျက်နှာမကောင်းပုံထောက်ရင် "

"ဒီလိုပါပဲ "

"အရှင် ဘာလို့ ကျွန်တော်တို့အပေါ် အရမ်းအငြိုးထားပြီး နှောင့်ယှက်နေရတာလဲ ကျွန်တော်မသိဘူး ဒါပေမဲ့ ဒေါက်တာကပါ နှုတ်ဆိတ်နေမယ်ဆိုရင် ကျွန်‌တော် ဒေါက်တာကိုညှာတာမှာမဟုတ်တော့ဘူး "

"ကျွန်မဆုံးဖြတ်ချက်ချပြီးတဲ့အထိ စောင့်မယ်လို့ ကိုသူ့ပြောထားတာပဲ "

"ကျွန်တော်က လူထဲကလူပါ နာကျင်တတ်တယ် ကိုယ့်ကလေးကို သေအောင် လုပ်ခဲ့တဲ့သူကို မမုန်းဘူးထင်ရင် ကျွန်တော် အဖေတစ်‌ယောက်မဟုတ်တော့ဘူး "

ဆောင်း ငိုသည်။ အရှင်နဲ့သူ့ကြားမှာ ညှပ်ပါနေရသည့် ဆောင်းဘဝ။ ဘယ်ဘက်ကိုပဲရွေးချယ်ရွေးချယ် ‌ဆောင်းဘဝအဆုံးသတ်သွားမှာ။

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 2)[Completed]Where stories live. Discover now