Part(10)

5.1K 142 0
                                    

Unicode+Zawgyi

❣️ဦး ဖန် တီး သော အ ချစ် သ င်္ကေ တ❣️

                💫Season 2💫

                  💫Part (10)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

"အင်း ဟင်း "

မနက် နိုးလာတော့ မျက်လုံးမဖွင့်ဖြစ်သေးဘဲ အိပ်ယာပေါ်မှာ ဟိုဘက်လှိမ့်လိုက် ဒီဘက်လိမ့်လိုက်နဲ့ အကြောဆန့်နေမိသည်။

"ဟင် "

နှာခေါင်းထဲ ဝင်လာသည့် အနံ့အသက်တစ်ခု။ မွှေးလိုက်တာ။ ထမင်းကြော်ရနံ့လေးပင်။

ချက်ချင်းပင် ကောက်ခါငင်ကာ ထထိုင်လိုက်မိသည်။ မွှေးကြိုင်နေသည့် ထမင်းကြော်ကြောင့်မဟုတ်ဘဲ မနေ့ညက ကစ်ကစ်ကို ပြောပြလိုက်မိသည့်စကားတွေကြောင့်ပင်။

"အားး "

ဆံပင်ကို ဆွဲဖွပြစ်လိုက်ရင်း အလျှင်အမြန်ပင် ကုတင်ပေါ်ကဆင်းကာ အရှေ့ထွက်လာပြီး ဖုန်းကိုရှာသည်။

"ဘာရှာနေတာလဲ "

"အမေ့ ပလုတ်တုပ် "

ဦးသူ့အသံကြောင့် ရာရာလန့်သွားရသည်။

"ဟင် ဦးသူ့ဘယ်လိုရောက်လာတာလဲ "

"မနေ့ညကတည်းက မင်းခေါ်လို့ရောက်လာတာ"

"ရှင် ကျွန်မ? ကျွန်မ..."

မခေါ်ပါဘူးဆိုပြီးငြင်းမယ်ကြံပြီးမှ ဖုန်းခေါ်ခဲ့သည့်အဖြစ်ကို မျက်လုံးထဲမြင်လာရကာ ဘာဆက်ပြောရမယ်မှန်းမသိတော့။

သူ့က ဒါကို သဘောကျစွာပြုံးလိုက်သည်။

"ဒီမှာ ဖုန်း "

ရာရာဖုန်းရှာနေမှန်းသိ၍ သန့်ရှင်းရေးလုပ်ရင်း သိမ်းထားသည့်ဖုန်းကို ရာရာလက်ထဲထည့်ပေးကာ ထမင်းစားပွဲဘက်ဆီသွားခဲ့သည်။

"ကစ်ကစ်နဲ့ဖုန်းပြောပြီးမှ ရှင်နဲ့စာရင်းရှင်းမယ်"

သို့သော် ကစ်ကစ်ကိုဆက်လို့မရ။ ဖုန်းဆက်သွယ်မှုဧရိယာပြင်ပလို့သာ အမြဲပြောနေသည်။

"ဘာဖြစ်တာပါလိမ့် "

မက်ဆေ့ခ်ျသာပို့ထားလိုက်သည်။ ပြီးနောက် ဦးသူ့နဲ့စားရင်းရှင်းရန် ဦးသူ့ဆီဦးတည်လိုက်သည်။

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 2)[Completed]Where stories live. Discover now