" ကဲ ရပါပြီဗျာ ထမင်းစားမယ် ဂျစ်တူးရေ "
" လာပါပြီ "
ပုဆိုးကို ဒူးခေါင်းလောက်ထိ တိုအောင် ဝတ်ထားပြီး အခန်းထဲက ပြေးထွက်လာတဲ့ ဂျစ်တူးရယ်ပါ ။
" ဟန်ကျတာပဲ ကိုကိုးက ဘာမှသိပ်မရှိတာတောင် စားချင်အောင် ချက်ထားတာပဲ "
" အင်း မနက်ကျမှ အသားတစ်ခုခုဝယ်ပြီးချက်မယ်လေ အခုတော့ ထမင်းကြော် ပဲ စားရအောင် ရတယ်မလား "
" ရတာပေါ့ ကိုကိုးကလဲ "
အထွန်း တစ်ယောက် ဒူးတစ်ဖက်ထောင်ကာ ပုဆိုးအောက်စ ကို ပြန်ဆွဲပြီး ထိုင်လိုက်သည် ။ နောက် ထမင်းပန်းကန်ကို လက်ဖဝါးပေါ်တင်ပြီး လက် နဲ့ စားတော့သည်။
" ဂျစ်တူး လက်အရင်ဆေးရမယ်လေ "
" အာ ဘာမှကိုင်ထားတာမှမဟုတ်တာ "
မဟာ လဲ တစ်ချက်ပြုံးလိုက်ပြီး အနားက ခုံပုလေးပေါ် ထမင်းပန်းကန်တင်ကာ စားရင်းတွေးမိသည် ။ ဂျစ်တူး မဟုတ်ဘဲ တခြားသူ ကိုယ့်ရှေ့အဲ့လိုထမင်းလာစားရင် ဘာပြောမိမလဲမသိဘူး ။
" အများကြီးစားလိုက်မိပြီ ဗိုက်တင်းလိုက်တာ "
နံရံကိုမှီကာ ခြေထောက်ဆင်းပြီး ဗိုက်ကိုပွတ်ကာ ပွတ်ကာ နဲ့ ပြောနေသေးသည် ။ မဟာ မကုန်တဲ့ထမင်းကြော်တွေကိုပါ ယူစားပြီး ရင်ပြည့်နေပြီထင် ။ ပြောလို့လဲမရဘူး အန်ထွက်ကုန်တော့မှာ ။
မဟာ အခန်းထဲက ဆေးအိတ်ထဲက အစာကြေဆေးပြေးယူပြီး တိုက်ရသေးသည် ။
" ဆရာဝန်ကိုရထားတာလဲ ဟန်ကျခြင်းတစ်မျိုးပဲ "
ပါးချိုင့်ခွက်တွေပေါ်လာတဲ့အထိ ရီပြပြီး မဟာ့ဆီက ဆေးယူသောက်သည် ။ မဟာကတော့ ဆေးသောက်တာကြည့်ပြီး မီးဖိုချောင်ဝင်ကာ ဆေးကြောရေး တာဝန်ယူရသည် ။
ကိုယ်တော်လေးကတော့ ထိုင်နေရာကနေ တစ်နေရာကို ထ သွားပုံပင် ။ ခြေသံသာ ကြားလိုက်သည် ။ မဟာ ပန်းကန်ဆေးပြီး အပြင်ပြန်ထွက်လာတော့ အိမ်ရှေ့က ခုံလေးမှာ ထိုင်နေတဲ့ ဂျစ်တူး
" ဂျစ်တူး အဆင်ပြေရဲ့လား နေရတာ "
" ဟုတ် ပြေတယ် ကိုကိုး ခုနကတော့ အန်ချင်နေတာ အခုတော့ ဆေးသောက်ပြီး အဆင်ပြေချက်ပဲ "