အခန်း (၄)

1.9K 42 1
                                    

"အာဘွား"

"ဟား ... ချစ်ဖို့ကောင်းလိုက်တာကွာ"

ကျွန်တော့် ပါးကို ပြုံးပြုံးလေးနဲ့ လာနမ်းတဲ့ ချစ်စရာ ကလေးလေးရဲ့ ခေါင်းလေးကို ပွတ်ပေးလိုက်တော့ ကြောင်ပေါက်လေးတစ်ကောင်လို ခေါင်းလေးကို ပိုတိုးပေးလာသည်။

"ဟင်း ... မုန့်စားဉီးမလား Baby"

"ဟုတ် ... စားမယ်"

ကျောင်းနဲ့ မနီးမဝေးမှာ ရှိတဲ့ Cafe and Bakery တစ်ခုကို မောင်းပေးလိုက်သည်။

"ဘာစားမလဲ Baby"

"ဒီဟာ"

Strawberry shortcake လေးကို လက်ညှိုးထိုးပြလာသည်။

"အိုကေ။ Baby သွားထိုင်နှင့်။ ဒါနဲ့ ဘာသောက်မှာလဲ"

"Blueberry ! "

ကျွန်တော် ရိပ်မိသလောက်ဆိုရင် Baby က Blueberry ကို သိပ်ကြိုက်သည့် ကောင်မလေးပင်။

ဒါမှမဟုတ် ဘယ်ရီသီး မှန်သမျှကို ကြိုက်တာလည်း ဖြစ်နိုင်သည်။ ခါးတာ မဟုတ်ရင် အကုန် စားချင်နေသူလေး မဟုတ်လား။ ချောကလက်ခါးခါးက လွဲလို့ပေါ့။

"ဟုတ်ပြီ သွားထိုင်တော့"

Baby က စကားနားထောင်စွာနဲ့ လူလွတ်တဲ့ ခုံတစ်ခုမှာ သွားထိုင်စောင့်နေတာကို ကြည့်ပြီး ပြုံးမိသည်။ Baby က လိမ္မာလို့ တော်သေးသည်။

သက္ကရာဇ်ကလည်း စကား နားမထောင်ပဲ၊ ငိုနေတတ်တဲ့၊ အမြဲဂျီကျနေတတ်တဲ့ ကလေးဆိုးတွေကို ကြည့်မရဘူး မဟုတ်လား။

ကျွန်တော်လည်း Baby အတွက် Strawberry shortcake တစ်ခုရယ်၊ Blueberry juice ရယ်၊ ကျွန်တော့်အတွက် Burger တစ်ခုရယ်၊ Latte တစ်ခွက်ရယ် မှာလိုက်ပြီး ခုံမှာ ဝင်ထိုင်လိုက်တော့သည်။

"Baby ကျောင်းတက်ရတာ အဆင်ပြေလား"

"ဟုတ် Daddy ... ဒါနဲ့လေ Baby ကို ပုံပြင်စာအုပ်တွေ ဝယ်ပေးပါလား။ အိမ်မှာ ကြီးကြီး ဝယ်ပေးခဲ့တာတွေက ဖတ်ပြီးသွားပြီ"

"ဪ ... ဟုတ်ပြီလေ။ သဘက်ခါ ကျောင်းပိတ်တယ်ဆိုတော့ Daddy နဲ့ အတူတူ လိုက်ဝယ်လေ"

"ဟုတ်"

"မှာထားတာ ရပါပြီ"

"ဪ ... အင်း"

She Is My Daddy! (Completed)Where stories live. Discover now