part(23)

7.9K 970 28
                                    

လွမ်း...

အမေ့အိမ်မှာ ဘဂျမ်း သုံးရက်ခန့်နေပြီးတော့ ရန်ကုန်ပြန်ဖို့ အမေ့ကိုပြောရသည်။ အမေကတော့ နေစေချင်သေးသည်ပေါ့။ အမေ့မှာ ဘဂျမ်းကို လွမ်းလို့မပြီးသေးရှာ။ စားချင်တာကို ဘဂျမ်းပြောလိုက်တာနဲ့ကို ချက်ချင်းထလုပ်ပေးနေတော့သည်။

အမျိုးတစ်ချို့အိမ်တွေကလဲ မပြန်လာတာကြာတဲ့ဘဂျမ်းကို နေ့တိုင်းထမင်းစားလာခေါ်ကြ....သူငယ်ချင်းတွေအိမ်ကလဲ လာခေါ်ကြနဲ့..ရွာမှာ ဘဂျမ်း လက်မလည်အောင် စားသောက်နေရတော့သည်။
ရွာဓလေ့ဆိုတာ ရွာပြန်ရောက်မှ ခံစားရတာမျိုးပါ။
ဘဂျမ်းလဲ ပျော်ပါသည်။

သို့သော်....ဒီသို့သော်သည် အတော်ခက်လှသည်။
ဘဂျမ်း ဆရာအကြည်ရောင်လေးကို သတိရနေမိသည်။အဆင်ပြေပါ့မလား....မိုးတွေရွာတဲ့ည ပြန်ရတာဘယ်လိုနေလေမလဲရယ်လို့ အမြဲတွေးနေရသည်။
နေ့လယ်ဘက် သွားဟယ် လာဟယ် အချိန်တွေမှာ သိပ်မသိသာပေမဲ့ စားပြီလားဟဲ့ဆိုရင် ရွာစာလေးတွေ မျိုမကျ ကျွေးချင်သည်။ အိပ်ပြီလားဆို ပိုသတိရသည်။
ရွာမှာက ခြောက်နာရီ ခုနှစ်နာရီဆို လူခြေတိတ်ပြီ။ ကိုယ့်အိမ်ကိုယ်နေကြသည့်အချိန်။ ရွာလမ်းမလဲ တိတ်ဆိတ် အိမ်လေးတွေထဲလဲ တိတ်ဆိတ်နေတော့တာ။ ဒါပေမဲ့ သူလေးကတော့ အလုပ် လုပ်နေရဆဲ အချိန်တွေပဲမှလား။

ဒီလိုနဲ့ ဘဂျမ်း ရွာထဲ အိမ်လည်ထွက်ရတာလဲ စုံစေ့ပြီ။ တစ်ချို့အလုပ်လေးတွေတော့ ဘဂျမ်းလေ့လာဖြစ်သည်။ ဘဂျမ်း ပြန်ရောက်လာသည့်အခါ နေထိုင် လုပ်ကိုင်ရန် ဖြစ်သည်။ ရွာမှာ ကုန်စုံဆိုင် အကြီးကြီးတစ်ဆိုင်တော့ဖွင့်ထားတာ တွေ့ရသည်။ အသစ်ဖွင့်ထားတာဖြစ်သလို အတော်လေးလဲစုံလင်သည်။
ဆိုးတော့မဆိုး....ရွာမှာ ပစ္စည်းအစုံရတော့ လူနေမှုလဲ မြို့နှင့်သိပ်မကွာဘူးပေါ့။

ငါးရက်နေပြီးတာနဲ့....ဘဂျမ်း ရန်ကုန်ပြန်ရတော့သည်။
ရွာက လက်ဆောင်ထည့်ပေးလိုက်သည့် ပစ္စည်းတွေလဲ ပါလာခဲ့သည်။

ဟိုရက်က ပုစွန်တက်လို့ အမေက ဘဂျမ်းကို ပုစွန်ထုတ်ကိုဆီပြန်ချက်ကျွေးသည်။ အကောင်လိုက်မီးဖြုတ်ကာ ချဥ်ချဥ်စပ်စပ်လေးသုတ်ပေးသည်။ ဒီတိုင်းပြုတ်ပြီး မန်ကျည်းမှည့်အချဥ်ရည်ကို အမေကိုယ်တိုင်လုပ်ကာ ကျွေးသည်။
ဘဂျမ်းက ပုစွန်အရမ်းကြိုက်တဲ့သူဖြစ်သည်။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now